Thursday, November 4, 2010

မေတ္တာပါရမီကျောင်းတိုက် စုပေါင်း မဟာဘုံကထိန် ကျင်းပမည်


မေတ္တာပါရမီကျောင်းတိုက်ရဲ့ ပထမအကြိမ် စုပေါင်း မဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲကို လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့အတွက် ရပ်နီးရပ်ဝေးက မိတ်ဆွေ သင်္ဂဟ အပေါင်းကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

Monday, November 1, 2010

Cyclone Giri Hit Burma, and the Burmese Learned a Lesson from the Previous Cyclone Nargis

VOA News

http://voaburmese.files.wordpress.com/2010/10/burma-flood.jpg

Cyclone Giri- AP image

United Nations officials say the number of people in Burma affected by Cyclone Giri appears to be higher than first thought, but that major loss of life has been avoided because of lessons learned during Cyclone Nargis.

Thursday, October 21, 2010

နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်မြန်မာကွန်မြူနီတီများ သဘောထားထုတ်ပြန်

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့် အင်္ဂလိပ် မြန်မာ ၂ ဘာသာနှင့် အမေရိကန်မြန်မာ ကွန်မြူနီတီများက စစ်အစိုးရနဲ့အပေါင်းအပါများအပေါ် သဘောထားထုတ်ပြန်ချက်ထွက်လာရာ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်မှ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာမိသားစုများက နအဖ စစ်အစိုးရရဲ့ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ထွက်ပေါ်လာမယ့်ရလဒ်များ ကိုလည်း မထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Sunday, October 17, 2010

ဝေနှင်းပွင့်သုန် ပေ ၁၆၀ အမြင့်မှ ခုန်ချ၊ ဒေါ်လာ တသောင်းကျော်ရ

အောက်တိုဘာ ၁၇၊ ၂၀၁၀ - မိုးမခ

အကျဉ်းကျ နိုင်ငံရေးသမား ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်က ပေ ၁၆၀ အမြင့်မှ ကြိုးတန်းလန်းဖြင့် ခုန်ချခြင်းဖြင့် ရန်ပုံငွေရှာခဲ့ရာ ပေါင် ၈၀၀၀ ဝန်းကျင် (ဒေါ်လာ ၁၃,ဝဝဝ ခန့် သို့မဟုတ် ကျပ် သိန်း ၁၀၀ ကျော်) ရခဲ့သည်ဟု သူ ပါဝင်လှုပ်ရှားသည့် Burma Campaign UK က FaceBook တွင် ရေးထားသည်။

ယမန်နေ့က လန်ဒန်မြို့တွင် ထိုသို့ စွန့်စားပြီး ရန်ပုံငွေ ရှာခဲ့ခြင်း ဖြစ်သည်။

Friday, October 8, 2010

စစ်အစိုးရဝါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီ




(Burmese Protesters against Burmese's Stage Show in SF on 25th Sept 2010)

ယမန်နေ့ညနေခင်းရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှုပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့် အတွက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။

Wednesday, September 8, 2010

အာဏာရှင်အလိုကျ ဘယ်လောက်ထိ နေကြရမှာလဲ (နေချင်သေးတာလဲ …) - ကျော်ဝဏ္ဏ

(၁) အခုအမေရိကားကိုရောက်နေတဲ့ တီးဝိုင်းတခုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်လာတဲ့ အဆိုတော်အမျိုးသမီး တယောက်ဟာ စစ်အစိုးရရဲ့ဝါဒဖြန့်ချိရေး၊ ဒီမိုကရေစီ အရေးတော်ပုံကို သေးသိမ်အောင်ပြုလုပ်ရေး၊ အနုပညာရှင်တွေ အပါအဝင် တပြည်လုံးကို စစ်ကျွန်ပြုရေး အစီအမံထဲက တစိတ်တပိုင်းဖြစ်တဲ့ သမိုင်းမှန်ကို ဖုံးဖိလိမ်ညာ မှိုင်းတိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတကားမှာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အင်္ဂလန်နိုင်ငံက မြန်မာ့အရေးစိတ်ဝင်စားသူများက စတင်လှုံ့ဆော်ခဲ့ကြပြီး အဲဒီရုပ်ရှင်မှာ ပါဝင်ပတ်သက်ခဲ့ကြသူတချို့နဲ့ အင်္ဂလန်မှာ ပြုလုပ်၊ ရုံသွင်းခဲ့တဲ့ ပွဲတွေကို ဆန့်ကျင်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆန္ဒပြ ကန့်ကွက်မှုတွေဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယားစတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတဲ့ တိုင်းပြည်တွေက မြန်မာ့အရေးစိတ်ဝင်စားသူများအကြား ဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တခု ဖြစ်လာခဲ့ပါတယ်။

(၂) ပြည်ပရောက်မြန်မာတွေဟာ တကိုယ်ကောင်းဆန်လို့သာ ပြည်ပကို ရောက်လာကြတာ၊ တကယ်တမ်း သတ္တိရှိရင် မြန်မာပြည်ပြန်ပြီး စစ်အစိုးရကို ချကြပါလားလို့ တဖက်သတ်ပြောဆိုနေကြတဲ့အသံတွေလည်း ကြားနေရပါတယ်။

Tuesday, September 7, 2010

အာဇာနည် မဝင်းမော်ဦး ကျဆုံးသည့် နှစ်ပတ်လည်နေ့ - ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည်

နအဖ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်တဲ့ စတိတ်ရှိုးပွဲကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ရုံသွင်းမှာဖြစ်ကြောင်း သိရပါတယ်။

ရှစ်လေးလုံး လူထုအရေးကြီးတော်ပုံကြီးကို သေးသိမ်အောင် လုပ်ကြံဝါဒဖြန့် ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သူ ပါဝင်တဲ့ ဒီပွဲကို နအဖ စစ်တပ်က လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲ အာဏာသိမ်းပြီး နောက်တရက် စစ်တပ်မှ ရက်ရက်စက်စက် ပစ်သတ်ခံရလို့ သေဆုံးသွားသူ အာဇာနည် ကျောင်းသူလေး မဝင်းမော်ဦးရဲ့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာပြုလုပ်မှာ ဖြစ်ပါတယ်။

Wednesday, August 25, 2010

ကော်လိုရာဒိုပြည်နယ်က ကရင်ရိုးရာ လက်ချည်ပွဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ တနင်္ဂနွေနေ့က ကော်လိုရာဒိုပြည်နယ်မှာ ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားများ စုပေါင်းပြီး ကရင်ရိုးရာ လက်ချည်ပွဲကို အော်ရိုရာမြို့ လောရီကွန်မြူနတီပန်းခြံ (Lowry Community Park)မှာ ကျင်းပခဲ့ပါတယ်။

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပ

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်သည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်၊ ၂၀၁၀ ပြည့်နှစ် စနေနေ့က ကျင်းပပြုခဲ့တဲ့ ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ဓာတ်ပုံမှတ်တမ်းတချို့ပါ။

Monday, August 2, 2010

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပမည်

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်သည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို လာမည့် သြဂုတ်လ ၇ ရက်၊ ၂၀၁၀ ပြည့်နှစ် စနေ့နေမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

“အခုလာမယ့် စနေ့နေမှာ ကျင်းပမှာဖြစ်ပါတယ်။ သံဃာတော်များကို စုပေါင်းနေ့ဆွမ်းနဲ့ ကပ်လှူပူဇော်မှာဖြစ်ပြီးတော့ နေ့လည် ၁ နာရီမှာ ဝါဆိုသင်္ကန်း ကပ်လှူပွဲ နဲ့ အနုမောဒနာတရားပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေအပေါင်းကိုလည်း ဖိတ်ကြားပါတယ်” လို့ ဓမ္မပါလကျောင်းရဲ့ ကပ္ပိရကာရက အဖွဲ့ဝင်တဦးက ပြောပါတယ်။

Sunday, July 25, 2010

ကော်လိုရာဒိုပြည်နယ်က လှေပြိုင်ပွဲ





၁၀ ကြိမ်မြောက် ကျင်းပတဲ့ Colorado Dragon Boat Festival ကို ကော်လိုရာဒိုပြည်နယ်ရဲ့ မြို့တော် ဒင်းဗားမှာ ဇူလိုင်လ ၂၄ နဲ့ ၂၅ ရက်နေ့က Sloan’s Lake ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။


လှေပြိုင်ပွဲကျင်းပတဲ့ ကန်



အခုလို ဗုံကြီးကို တီး ညာသံပေးပြီး ...

Sunday, July 18, 2010

ရွှေဝါရောင် ဆရာတော် ဦးပညာဇောတ၏ တရားပွဲကျင်းပ

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်ခဲ့သောကြောင့် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ရတဲ့ ဆရာတော် ဦးပညာဇောတ၏ တရားပွဲကို ကော်လိုရာဒိုပြည်နယ် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက် စနေနေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

Friday, July 16, 2010

Salt Lake City သင်္ကြန်ပွဲ ကျင်းပပြီးစီး

အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့ရောက် မြန်မာမိသားစုများရဲ့ ဒုတိယအကြိမ် သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

Thursday, July 15, 2010

ယဉ်ကျေးမှု ကပွဲ နှင့် ဈေးပွဲတော် ကျင်းပ

ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်နေတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲ အဖြစ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကပွဲနဲ့ ဈေးရောင်းပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဒင်ဗားမြို့မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဲဒီပွဲတော်ကို မြန်မာကုန်စုံဆိုင်တခုဖြစ်တဲ့ 88 Family Asia Market ဝင်းအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲနဲ့ပတ်သက်ပြီး ဓမ္မပါလကျောင်းရဲ့ ကပ္ပိရကာရကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အခုလို ရှင်းပြပါတယ်။

တရားပွဲများ ကျင်းပပြီးစီး

မြန်မာပြည်မှ ကြွရောက်လာကြတဲ့ ဆရာတော်များဖြစ်တဲ့ ရေနံချောင်းဆရာတော် ဦးဇနိတ၊

တောင်စွန်း ဓမ္မဘေရီ ဆရာတော် အရှင် ဝီရိယ၊

Tuesday, July 13, 2010

The Great Stupa ဘုရားဖူးခရီး

ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း ရဟန်းခံရှင်ပြု နဲ့ သီလရှင်ဝတ်ပွဲပြုလုပ်ပြီး နောက်တနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ဖို့တ်ကောလင်းမြို့ (Ft Collins) အနီးမှာရှိတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တည်ထားကိုးကွယ်သည့် The Great Stupa ကို ဘုရားဖူးခရီး ထွက်ခဲ့ကြပါတယ်။




ခရီးတထောက်ရပ်နားပြီး ဆရာတော် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းနောက် နေ့လည်စာ သုံးဆောင်နေကြတာပါ။

ကော်လိုရာဒိုပြည်နယ်က စုပေါင်း ရဟန်းခံ ရှင်ပြု နှင့် သီလရှင်ဝတ်ပွဲ

ဒုတိယ အကြိမ် စုပေါင်း ရဟန်းခံရှင်ပြု နှင့် သီလရှင်ဝတ်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Thursday, May 27, 2010

စုပေါင်း ရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲ ကျင်းပမည်

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲကို လာမယ့် ဇွန်လ ၂၆ ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

“ကျနော်တို့ အခုလောလောဆယ် စာရင်းပေးသွင်းထားသူ ရဟန်းလောင်း ၆ ဦး၊ သီလရှင်လောင်း ၇ ဦးနဲ့ မောင်ရင်လောင်း ၄ ဦး၊ စုစုပေါင်း ၁၇ ဦး စာရင်း ရရှိထားပါတယ်။ နောက်ထပ် စာရင်းပေးသွင်းမယ့်သူတွေကိုလည်း လက်ခံပေးနေပါတယ်” လို့ ဓမ္မပါလကျောင်းရဲ့ ကပ္ပိယကာရက အဖွဲ့ဝင်တဦးက ပြောပါတယ်။

Monday, April 26, 2010

ကရင်နီအမျိုးသား နှစ်သစ်ကူး နှင့် တံခွန်တိုင်ပွဲတော် ကျင်းပ

ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ကရင်နီအမျိုးသားများစုပေါင်းပြီး ပထမအကြိမ် ကရင်နီအမျိုးသား နှစ်သစ်ကူး နှင့် ကေးထျိုးဘိုး (တံခွန်တိုင်) ပွဲတော်ကို ဧပြီလ ၂၅ ရက်၊ တနင်္ဂနွေနေ့က ဒန်ဗာမြို့၊ လောရီ ကွန်မြူနတီပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

Saturday, April 24, 2010

ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ

ဒုတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၂၄ ရက် စနေနေ့က ကျင်းပခဲ့ပါတယ်။

Monday, April 19, 2010

ကော်လိုရာဒိုပြည်နယ်က သင်္ကြန်ပွဲတော်

၈ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများစုပေါင်းပြီး ဧပြီလ ၁၇ ရက် စနေနေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။


နေ့လည် ၁၁း၀၀ နာရီကနေ စတင်ကျင်းပတဲ့ အဲဒီပွဲမှာ ဧည့်ပရိတ်သတ် ၄၀၀ နီးပါး လာရောက်အားပေးခဲ့ကြပြီး

Thursday, April 15, 2010

ရန်ကုန်သင်္ကြန် ဗုံးကွဲ၊ အနည်းဆုံး ၉ ဦး သေဆုံး

ရန်ကုန်မြို့ ကန်တော်ကြီးစောင်းက X2O သင်္ကြန်မဏ္ဍပ်မှာ ဒီနေ့ နေ့လည် ၃း၀၀ နာရီလောက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီးတော့ ၉၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ မဏ္ဍပ်ရှိတဲ့နေရာဟာ VIP အကွက်လို့ ခေါ်တဲ့ အစိုးရအရာရှိကြီးတွေနဲ့ အဆက်အသွယ်ရှိသူတွေကို နေရာချထားပေးတဲ့ မဏ္ဍပ်နေရာလို့ သိရပါတယ်။

ဗုံးဟာ တလုံးပြီးတလုံး ဆက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေများက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ စစ်ဒေသ ၃ က အရာရှိကြီးတယောက် ပါတယ်လို့လည်း ပြောကြပါတယ်။

စစ်အစိုးရရဲ့ ရုပ်မြင်သံကြားမှလည်း ဗုံးကွဲလို့ လူ ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၉၄ ယောက်အထိရှိခဲ့ကြောင်း ကြေညာသွားပြီး ဗုံးခွဲမှုကျူးလွန်သူများကို သတင်းပေးဖို့ ဆော်သြထားပါတယ်။

ရန်ကုန်ဆေးရုံကြီး သတင်းရပ်ကွက်ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာတော့ ပေါက်ကွဲမှုတွေကြောင့် လူ ၉ ဦးထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဗုံးကွဲမှု မြင်ကွင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သင်္ကြန်


ရန်ကုန်သင်္ကြန် မြင်ကွင်း

(ဓာတ်ပုံ - ရိုက်တာ၊ အေပီ၊ အေအက်ဖ်ပီ)