Tuesday, April 28, 2009

သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပ


ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီး ကျောင်းတွင် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။





ဆွမ်းအလှူရှင် ၁၂ ဦး လှူဒါန်းသည့် စုပေါင်းဆွမ်းဖြင့် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အပူဇော်ခံ အဘိုး အဘွား (၁၀) ဦးတို့အား နံနက်စာလှူဒါန်းပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များ နံနက်စာ သုံးဆောင်ခဲ့ကြသည်။


ထို့နောက် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ နာယက ဆရာတော် အရှင်ဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားကို စတင်ကျင်းပခဲ့သည်။



အခမ်းအနားတွင် ဓမ္မပါလကျောင်းထိုင်ဆရာတော် အရှင်စန္ဒိမာ နှင့် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ ဥက္ကဌကြီး ဦးသန်းလွင်တို့ မှ သာသနာပြုလုပ်ငန်းအစီအစဉ်အချို့ကို အသိပေး ကြေညာခြင်း၊



မြန်မာစာပေယဉ်ကျေးမှုသင်တန်းမှ သင်တန်းသူ သင်တန်းသား ကလေးငယ်များက မိမိတို့ သင်ယူထားသည်များကို အဘိုးအဘွားတို့အား တင်ပြပြောကြားခြင်း၊

အပူဇော်ခံဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ အဘိုးအဘွားများက ဆုပေးစကားပြောကြားခြင်းနှင့်



မြန်မာစာပေယဉ်ကျေးမှုသင်တန်း သင်တန်းသူမှ သင်တန်းသားများက အနန္တငါးပါးနှင့် ဆရာ၊ ဆရာမများအား ကန်တော့ခြင်း၊ ဆရာဆရာမများက ဆုပေးစကားပြောကြားပြီးနောက် ကလေးငယ်များကို ဆုနှင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဆရာတော် အရှင်ဝိစက္ခဏထံမှ အနုမောဒနာတရားနာကြားပြီး ထေရဝါဒသာသနရက္ခိတအဖွဲ့၏ အဓိဋ္ဌာန် ဖြစ်သော “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

Monday, April 27, 2009

ကော်လိုရာဒိုပြည်နယ်က သင်္ကြန်ပွဲ

ပုလဲရေစင် အတာသဘင် အမည်ပေးထားတဲ့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများစုပေါင်း ကျင်းပကြတဲ့ အတာသင်္ကြန်ပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ လောရီကွန်မြူနတီ ပန်းခြံအတွင်းမှာ နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပခဲ့ပါတယ်။


စီစဉ်ထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျပြီး ပွဲကို စဖြစ်တာရယ်၊ အစီအစဉ် တခုနဲ့တခုကြားမှာ နည်းနည်းစောင့်နေရတာကလွဲလို့ အားလုံး ပျော်ပျော်ပါးပါးနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။


တပင်တိုင် အက


ကလေးငယ်များရဲ့ သင်္ကြန်ယိမ်း


မောင်ရွှေရိုး အက


မွန် သင်္ကြန်အက


ကရင်အမျိုးသားတဦးရဲ့ မယ်ဒလင်လက်သံ


ကရင်ဒုံးယိမ်း


မမတို့ရဲ့ သင်္ကြန်ယိမ်း


ဒိုးပတ်အက

တီးဝိုင်းနဲ့လည်း သီချင်းတွေ ဆိုသေးတယ်

ကာရာအိုကေနဲ့ ကဲနေတဲ့ ဟစ်ဟော့ သင်္ကြန်

အားပေးနေသူအချို့ပါ


ရိုးရာအစားအစာတွေကို သုံးဆောင်ကြရင်း ပျော်ပျော်ပါးပါးပါပဲ


Saturday, April 18, 2009

ကော်လိုရာဒို သင်္ကြန် တီရှပ်


ကော်လိုရာဒိုပြည်နယ်ကို ခေတ္တရောက်ရှိနေတဲ့ ကာတွန်း စောငို မေတ္တာဖြင့် ရေးဆွဲပေးခဲ့တဲ့ လက်ရာ ၂ မျိုးနဲ့ ၂၀၀၉ ခုနှစ် ကော်လိုရာဒို သင်္ကြန်ပွဲအမှတ်တရ တီရှပ် ထုတ်ဝေပါမယ်။


တထည်ကို ၁၀ ဒေါ်လာနှုန်းနဲ့ ရောင်းပါတယ်။ ရောင်းချလို့ရရှိတဲ့ အမြတ်ငွေများကိုတော့ နောက်နှစ်သင်္ကြန် အတွက် ရံပုံငွေအဖြစ် စုဆောင်းသိမ်းဆည်းထားမှာ ဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။


အားပေးချင်တယ်ဆိုရင်တော့ (Family Asia Market) 8800 East Colfax Ave, Denver CO, 80220 ဖုန်းနံပါတ် 303-399-3777 မှာ ဆက်သွယ် မှာယူနိုင်ပါတယ်။



Add Image