နှစ်သစ်ကူး အတာသင်္ကြန်ပွဲ ကျင်းပဖို့ မိတ်ဆွေ သူငယ်ချင်းများကို ခင်မင်လေးစားစွာနဲ့ ဖိတ်ကြားပါတယ်။
ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာပြည်သားများ စုပေါင်းပြီး နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို အစဉ်အလာမပျက် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် (၇) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီနှစ်မှာလည်းပဲ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ မြန်မာပြည်သားများအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ထူးထူးခြားခြား စီစဉ် ပြင်ဆင်ထားပါတယ်။
နှစ်ဟောင်းက မကောင်းမှု အညစ်အကြေးတွေ ကင်းစင်သွားအောင် အတာရေနဲ့ ရေကစားကြမယ်။ တီးဝိုင်းနဲ့ သီချင်းတွေ ဆိုကြမယ်၊ တိုင်းရင်းသားရိုးရာအကတွေ ကကြမယ်၊ ပြီးတော့ ကာရာအိုကေ နဲ့ သင်္ကြန်သီချင်းတွေ ဆိုနိုင်အောင်လည်း စီစဉ်ပေးထားမယ်။ ရိုးရာအစားအစာတွေ စားသောက်ကြရင်း ပျော်ပျော်ပါးပါးပေါ့။
မိတ်ဆွေ သူငယ်ချင်းများအားလုံး လာရောက်ပါဝင်ဆင်နွှဲဖို့ ရင်းနှီးချစ်ကြည်စွာနဲ့ ဖိတ်ကြားပါတယ်။
နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၉ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၃း၀၀ အထိ လော်ရီ ကွန်မြူနတီ ပန်းခြံထဲမှာ ဆင်နွှဲကြ ကျင်းပကြမယ်။ လိပ်စာက
ဒီထက် ပိုမိုသိချင်တာပဲဖြစ်ဖြစ်၊ အခြား အဆင်မပြေတာတွေရှိခဲ့တာပဲဖြစ်ဖြစ် အခုပေးထားတဲ့ ဖုန်းနံပါတ်လေးတွေကို နှိပ်ပြီး မေးလိုက်ပေါ့။
- ကိုသန်းလွင် (၇၂၀-၃၄၃-၀၁၃၆)
- ကိုစိုးနိုင် (၇၂၀-၃၂၄-၀၃၅၂)
- ကိုဝင်းနိုင် (၇၂၀-၉၃၉-၅၆၉၁)
နှစ်သစ်ကူး အတာသင်္ကြန်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြတာပါ။











No comments:
Post a Comment