Wednesday, December 18, 2013

သိထားရမည့် Obamacare

အမေရိကန်နိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။ 

ထို့ကြောင့် အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။ 

Obamacare ဆိုတာ ဘာလဲ? 

သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။ 

ဘယ်လို အာမခံ အစီအစဉ်တွေလဲ? 

ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။ 

မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ 

ထို့ကြောင့် ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ်တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။ 


မြန်မာအမျိုးသားက ဇနီးကို သေနတ်ဖြင့်ပစ်သတ်

မြန်မာအမျိုးသား ခင်ပွန်းက သားသမီး သုံးဦး၏ မိခင်ကို ကလေးများရှေ့တွင်ပင် သေနတ်ဖြင့်ပစ်သတ်လိုက်သောမှုခင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဖြစ်ပွားခဲ့ပါသည်။ 

အင်္ဂါနေ့ ညနေ ၃း၄၅ နာရီက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ သူ့မိခင် သေနတ်ပစ်ခံရကြောင်း အရေးပေါ်နံပါတ် 911 သို့ ဖုန်းဆက်လာသည်ဟု လီဟိုင်းခရိုင် အစိုးရရှေ့နေ ဂျင်မ် မာတင်က ပြောကြားပါသည်။ 

သေနတ်ဒဏ်ရာဖြင့် အိမ်ရှေ့လမ်းပေါ်တွင် လဲနေသော အမျိုးသမီးကို ရဲများက တွေ့ရှိကြပါသည်။ အသက် ၃၇ နှစ်ရှိ မသီတာမြင့် အသက်မရှိတော့ကြောင်း ညနေ ၄း၂၇ နာရီတွင် အတည်ပြုခဲ့ပါသည်။ လီဟိုင်းခရိုင် မှုခင်းဆရာဝန်က လူသတ်မှုဟုဆုံးဖြတ်သော်လည်း သေနတ်ဒဏ်ရာကြောင့် ဟုတ်မဟုတ် အတည်ပြုချက် မပေးသေးပါ။