Wednesday, October 30, 2013

အမေရိကန်အစိုးရ အစားအသောက် ထောက်ပံ့ကြေး လျှော့ချဖြတ်တောက် (မင်းမြတ်မောင်)

အမေရိကန်ပြည်ထောင်စုမှာ food stamp လို့ လူသိများတဲ့ အစိုးရ အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့ကစပြီး လျှော့ချ ဖြတ်တောက်ပါတော့မယ်။ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးအစီအစဉ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၅ ဘီလျံ လျှော့ချဖြတ်တောက်ရာမှာ အမေရိကန်ပြည်သား ၇ ယောက်မှာ တစ်ယောက်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) လို့ တရားဝင်ခေါ်တဲ့ ထောက်ပံ့ကြေးအစီအစဉ်ကို အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းလောက် ရရှိခံစားနေပါတယ်။ 


Saturday, October 26, 2013

ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဓမ္မပါလကျောင်းတော်ရဲ့ ၅ ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက် (စနေနေ့) မှာ ကျင်းပမယ်လို့ သိရပါတယ်။ 

နံနက် ၁၀ နာရီမှာ ပင့်သံဃာများ သိမ်တက်မှာဖြစ်ပြီး ၁၀ နာရီခွဲမှာတော့ သိမ်ဆင်းဆွမ်း လောင်းလှူကြမယ်လို့ ဆိုပါတယ်။ ဒီနောက် ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေကို စုပေါင်းဆွမ်းကပ်လှူပူဇော်မှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ မဟာဘုံကထိန် အလှူကုသိုလ်တော် သာဓု အနုမောဒနာ တရားနာကြားကြမှာဖြစ်တယ်လို့ ဓမ္မပါလကျောင်း နိုးဆော်လွှာ လက်ကမ်းစာစောင်မှာ တွေ့ရပါတယ်။ 


Sunday, October 13, 2013

ကော်လိုရာဒိုမှာ သီတင်းကျွတ်ပြီ

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းက သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့၊ ဆီမီးပူဇော်ပွဲမှ ပုံရိပ်တချို့။