Thursday, December 3, 2009

တုပ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာမိသားစုများအတွက် အခမဲ့ ဆေးစစ်ဆေးပေးမှုကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၆ ရက်၊ တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးပြီး တုပ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးပေးမည် ဖြစ်သည်။ မြန်မာမိသားစု မည်သူမဆို လာရောက်ပြီး အခမဲ့ ဆေးစစ်ဆေးမှု ခံယူနိုင်ပါသည်။

သွေးတိုး၊ ဆီးချို၊ အရိုးခိုင်မာမှု၊ ဓာတ်မတည့်သည့် ရောဂါ၊ ရင်သားကင်ဆာ၊ အဆီများသော ရောဂါ၊ အဆုပ်ရောဂါများ ရှိ မရှိ စစ်ဆေးပေးပြီး နောက်ဆက်တွဲ ကုသမှုများကိုလည်း လုပ်ပေးသွားမည်ဖြစ်သည်။

နေရာ
2052 30th St, Apt# 2332,

Greely, CO, 80631

ဂရီးလီမြို့၊ ကော်လိုရာဒိုပြည်နယ်

အချိန်
နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ

ဆက်သွယ်ရန်
ကိုဝင်းနိုင် – ၇၂ဝ - ၉၃၉ - ၅၆၉၁၊
ကိုရွှေကို – ၂ဝ၈ - ၃၂ဝ - ၄၇ဝဝ