Monday, April 30, 2012

တက္ကဆက်ပြည်နယ် အမ်မာရီလို သင်္ကြန်

 
တက္ကဆက်ပြည်နယ် အမ်မာရီလိုမြို့ရောက် မြန်မာမိသားစုတွေရဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

 
 
ဦးစွာ အတာသင်္ကြန်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်တွေကို ဦးဆောင်ကျင်းပသူများက ရှင်းလင်းပြောကြားပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အတာရေပက်ဖြန်းပြီး စတင်ခဲ့ကြပါတယ်။

အော်ရီဂွန်ပြည်နယ် ပေါ့လန်း သင်္ကြန်

 
အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၂၈ ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတ အကအလှ၊ ရိုးရာသံချပ် စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။


Sunday, April 22, 2012

ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ ယဉ်ကျေးမူသင်တန်း ဆုနှင်းပွဲ ကျင်းပ

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ နဲ့ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၁ ရက် စနေနေ့က ကျင်းပခဲ့ကြပါတယ်။

  

Thursday, April 19, 2012

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော်အပ်နှင်းပွဲနှင့် သက်ကြီးပူဇော်ပွဲ၊ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆုနှင်းပွဲ

ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား။

ဓမ္မပါလကျောင်း၌ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးရန် မြန်မာပြည်မှ ကြွရောက်လာသော ဆရာတော်ဦးကိတ္တိအား ကျောင်းထိုင်ဆရာတော်အဖြစ်အပ်နှင်းရန်၊ ရိုးရာအစဉ် အလာအတိုင်း နှစ်သစ်ကူးသည့် သင်္ကြန်ကာလတွင် အဘိုး အဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလကျောင်း၌၊ ၂ဝ၁၂ ခု ဧပြီလ ၂၁ ရက် စနေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။


Monday, April 16, 2012

တိပိဋကဓရ ဆရာတော်နှစ်ပါး၏ တရားပွဲ

 
 
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ကျင်းပခဲ့တဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒ န္တ ဝံသာပါလာ လင်္ကာရ နှင့် တိပိဋကဓရ ဆရာတော် ဘဒ္ဒ န္တ ပညာသိရီ လင်္ကာရ ဆရာတော် ၂ ပါးရဲ့ တရားပွဲက ပုံရိပ်တချို့ပါ။

Tuesday, April 10, 2012

ကော်လိုရာဒို သင်္ကြန်

 

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ၁၀ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။

Monday, April 2, 2012

ကော်လိုရာဒိုပြည်နယ်မှာကျင်းပမယ့် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်

ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ခင်ညီညွတ်စွာနဲ့ ၁၀ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြပါရန် လေးစားခင်မင်စွာ ဖိတ်ခေါ်အပ်ပါတယ်။

ကျင်းပမည့် နေ့ရက် ... 
ဧပြီလ ၇ ရက်၊ ၂၀၁၂ ခုနှစ် (စနေနေ့) (April 7, 2012)

ကျင်းပမည့် အချိန် ...
နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီအထိ (11 A.M to 5 P.M)

ကျင်းပမည့် နေရာ ... 
1000 Dayton Street
Aurora CO, 80010
Lowry Park

ဆက်သွယ်ရန် ...
ကိုခင်မောင်သန်း (ဖုန်းနံပါတ် - 720- 532- 7083)
ကိုမြင့်ဦး (ဖုန်းနံပါတ် - 303- 895- 8802)

မြန်မာ့ရိုးရာ သင်္ကြန်အကများ၊ စင်တင်တေးဂီတများနဲ့ ဖျော်ဖြေတင်ဆက်သွားမယ့်အပြင် ကော်လိုရာဒိုပြည်နယ်ရောက် ရခိုင်မိသားစုများရဲ့ ရခိုင်မုန်တီ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးပါမယ်။

သရုပ်ဖော် ပိုစတာ - ကာတွန်းစောငို