Wednesday, December 18, 2013

သိထားရမည့် Obamacare

အမေရိကန်နိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။ 

ထို့ကြောင့် အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။ 

Obamacare ဆိုတာ ဘာလဲ? 

သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။ 

ဘယ်လို အာမခံ အစီအစဉ်တွေလဲ? 

ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။ 

မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ 

ထို့ကြောင့် ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ်တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။ 


မြန်မာအမျိုးသားက ဇနီးကို သေနတ်ဖြင့်ပစ်သတ်

မြန်မာအမျိုးသား ခင်ပွန်းက သားသမီး သုံးဦး၏ မိခင်ကို ကလေးများရှေ့တွင်ပင် သေနတ်ဖြင့်ပစ်သတ်လိုက်သောမှုခင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဖြစ်ပွားခဲ့ပါသည်။ 

အင်္ဂါနေ့ ညနေ ၃း၄၅ နာရီက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ သူ့မိခင် သေနတ်ပစ်ခံရကြောင်း အရေးပေါ်နံပါတ် 911 သို့ ဖုန်းဆက်လာသည်ဟု လီဟိုင်းခရိုင် အစိုးရရှေ့နေ ဂျင်မ် မာတင်က ပြောကြားပါသည်။ 

သေနတ်ဒဏ်ရာဖြင့် အိမ်ရှေ့လမ်းပေါ်တွင် လဲနေသော အမျိုးသမီးကို ရဲများက တွေ့ရှိကြပါသည်။ အသက် ၃၇ နှစ်ရှိ မသီတာမြင့် အသက်မရှိတော့ကြောင်း ညနေ ၄း၂၇ နာရီတွင် အတည်ပြုခဲ့ပါသည်။ လီဟိုင်းခရိုင် မှုခင်းဆရာဝန်က လူသတ်မှုဟုဆုံးဖြတ်သော်လည်း သေနတ်ဒဏ်ရာကြောင့် ဟုတ်မဟုတ် အတည်ပြုချက် မပေးသေးပါ။ 


Sunday, November 10, 2013

ဓမ္မပါလကျောင်း ကထိန်ပွဲ

မနေ့က ကျင်းပတဲ့ ကော်လိုရာဒိုပြည်နယ် ဓမ္မပါလကျောင်းက ကထိန်ပွဲက ပုံရိပ်တချို့ပါ။ 




Wednesday, October 30, 2013

အမေရိကန်အစိုးရ အစားအသောက် ထောက်ပံ့ကြေး လျှော့ချဖြတ်တောက် (မင်းမြတ်မောင်)

အမေရိကန်ပြည်ထောင်စုမှာ food stamp လို့ လူသိများတဲ့ အစိုးရ အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့ကစပြီး လျှော့ချ ဖြတ်တောက်ပါတော့မယ်။ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးအစီအစဉ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၅ ဘီလျံ လျှော့ချဖြတ်တောက်ရာမှာ အမေရိကန်ပြည်သား ၇ ယောက်မှာ တစ်ယောက်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 

အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) လို့ တရားဝင်ခေါ်တဲ့ ထောက်ပံ့ကြေးအစီအစဉ်ကို အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းလောက် ရရှိခံစားနေပါတယ်။ 


Saturday, October 26, 2013

ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဓမ္မပါလကျောင်းတော်ရဲ့ ၅ ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက် (စနေနေ့) မှာ ကျင်းပမယ်လို့ သိရပါတယ်။ 

နံနက် ၁၀ နာရီမှာ ပင့်သံဃာများ သိမ်တက်မှာဖြစ်ပြီး ၁၀ နာရီခွဲမှာတော့ သိမ်ဆင်းဆွမ်း လောင်းလှူကြမယ်လို့ ဆိုပါတယ်။ ဒီနောက် ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေကို စုပေါင်းဆွမ်းကပ်လှူပူဇော်မှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ မဟာဘုံကထိန် အလှူကုသိုလ်တော် သာဓု အနုမောဒနာ တရားနာကြားကြမှာဖြစ်တယ်လို့ ဓမ္မပါလကျောင်း နိုးဆော်လွှာ လက်ကမ်းစာစောင်မှာ တွေ့ရပါတယ်။ 


Sunday, October 13, 2013

ကော်လိုရာဒိုမှာ သီတင်းကျွတ်ပြီ

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းက သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့၊ ဆီမီးပူဇော်ပွဲမှ ပုံရိပ်တချို့။


Wednesday, September 18, 2013

သီတင်းကျွတ် မီးထွန်းပွဲတော်

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် သီတင်းကျွတ် မီးထွန်းပွဲတော် လာရောက်နွှဲပျော်ကြဖို့ ရင်းနှီးခင်မင်စွာ ဖိတ်ခေါ်ပါတယ် ...။

Sunday, July 21, 2013

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ယမန်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုခဲ့ကြပါတယ်။ 

ဦးစွာ ဓမ္မပါလကျောင်းထိုင်ဆရာတော် ဦးကိတ္ထိဃောသ အား စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် တနာရီခွဲမှာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။ 

Monday, June 17, 2013

စုပေါင်း ရှင်ပြု၊ ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ နှင့် ၇ ရက် ဝိပဿနာ တရားစခန်းပွဲမှ ပုံရိပ်တချို့ပါ။