Sunday, July 21, 2013

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ယမန်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုခဲ့ကြပါတယ်။ 

ဦးစွာ ဓမ္မပါလကျောင်းထိုင်ဆရာတော် ဦးကိတ္ထိဃောသ အား စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် တနာရီခွဲမှာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။ 






အဲဒီနောက်မှာတော့ အလှူရှင် ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါတယ်။ ထို့နောက် ဆရာတော်ထံမှ သာဓုအလှူမောဒနာတရားတော်နာကြား၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုကာ အလှူပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဒီနေ့ ညပိုင်းမှာတော့ အဘိဓမ္မာ အခါတော်နေ့ ဆီမီးထွန်းလှူပူဇော်ပွဲနဲ့ ဓမ္မစင်္ကြာတရားရွတ်ဆိုပွဲကို ကျင်းပကြမယ်လို့သိရပြီး လာမယ့် သြဂုတ်လ ၃ ရက် စနေနေ့မှာတော့ နိဗ္ဗာန်ဈေးပွဲတော်ကို ရှစ်လေးလုံး ကုန်စုံဆိုင် (Family Asia Market) ဝင်းမှာ ကျင်းပပြုလုပ်မယ်လို့ ဓမ္မပါလကျောင်း ကပ္ပိယကာရကများက ဆိုပါတယ်။ ။ 


 

No comments: