Friday, June 26, 2009

ကာတွန်း စောငို


ရဲဘော်ကြီး ကာတွန်းစောငို ရဲ့ မေတ္တာနဲ့ ရေးဆွဲပေးတဲ့ လက်ရာတခုပါ။ သူဟာ အခုအခါမှာ မြန်မာပြည် နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိုင်ပေါင်း ၉၀၀ ကျော် ခရီးရှည်ချီတက်ပွဲမှာ ပါဝင်ချီတက်တိုက်ပွဲဝင်နေရင်းက ဒီကာတွန်းလေးကို ရေးဆွဲပေးခဲ့တာပါ။


သူတို့ရဲ့ ခရီးရှည် ချီတက်ပွဲအကြောင်း သိချင်တယ်ဆိုရင်ဖြင့် ဒီ ဘလော့ဂ် လိပ်စာအတိုင်း http://longmarchforburma.blogspot.com/ သွားရောက်လည်ပတ် အားပေးနိုင်ကြပါတယ်။


ကာတွန်းစောငို ဟာ သူရေးဆွဲထားတဲ့ ကာတွန်းလက်ရာများကို မှတ်မှတ်ရရ စာအုပ်လေးတအုပ်အဖြစ် ဖန်တီးချင်နေတဲ့ အာသီသရှိနေပြီး စာအုပ်လေးဖြစ်မြောက်ထုတ်ဝေနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေပါတယ်။


ဒါပေမယ့် ထုတ်ဝေရေးအတွက် ငွေကြေး အခက်အခဲကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် မိတ်ဆွေတို့မှာ အကြံပြုလိုတာများရှိခဲ့မယ်ဆိုရင် oothandar2010@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။


ဒီဓာတ်ပုံလေးတွေကတော့ သူတို့ခရီးရှည်ချီတက်ပွဲရဲ့ တစိတ်တဒေသကို သူကိုယ်တိုင် ရိုက်ကူးပြီး အမှတ်တရ ပို့ပေးခဲ့တာပါ။








Wednesday, June 3, 2009

Freedom fighter

Laurie Sisk/Telegram Win Zaw sits on the grounds of the Finney County Courthouse Monday afternoon in an attempt to call attention to the plight of Burmese freedom fighter and Nobel Peace Prize winner Aung San Su Kyi, who has been under house arrest by the military junta for a majority of the last 19 years. Zaw and two other Burmese refuges are answering Kyi's call to use their liberty to promote liberty in Burma.

Caption: Laurie Sisk/Telegram

Win Zaw sits on the grounds of the Finney County Courthouse Monday afternoon in an attempt to call attention to the plight of Burmese freedom fighter and Nobel Peace Prize winner Aung San Su Kyi, who has been under house arrest by the military junta for a majority of the last 19 years. Zaw and two other Burmese refuges are answering Kyi's call to use their liberty to promote liberty in Burma.

Tuesday, June 2, 2009

ဖိတ်ကြားခြင်း

ဓမ္မပါလ သာသနာ့ဗိမာန် အမြန်ဆုံးတည်ထောင်နိုင်ရေးအတွက်

အထူးအစည်းအဝေးသို့ တက်ရောက်ကြပါရန်နှင့်

တတ်နိုင်သည့်ဘက်မှ ပါဝင်ကုသိုလ်ယူ သာသနာပြုကြရန် မေတ္တာရပ်ခံနှိုးဆော်ခြင်း


ကျောင်းဒါယကာ ကျောင်းဒါယိကာမအပေါင်း သူတော်ကောင်းတို့ …


သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။

အာဝါသဒါနသ္မိံ ဒိန္နေ သဗ္ဗဒါနံ ဒိန္နမေဝ ဟောတိ။


(ကျောင်းသင်္ခမ်းကို လှူဒါန်းသူသည် အသက်၊ အဆင်း၊ ခွန်အား၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ဉာဏ်ပညာအားလုံးတို့ကို လှူသည်မည်၏)


ဆရာတော်ကိုယ်တိုင်ဦးဆောင်၍ ထေရဝါဒ ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်လျှက်ရှိသည့် သာသနာပြုလုပ်ငန်းများ ယခုထက်လျှင်မြန်စွာ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်စေရန် စီစဉ်လျက်ရှိပါသည်။


သို့ပါ၍ ကုသိုလ်ရှင်အပေါင်းတို့က တတ်နိုင်သည့်ဘက်မှ ပါဝင်သာသနာပြုရာတွင် ရပ်မိရပ်ဖများထံမှ အကြံဉာဏ်နှင့် သြဝါဒများခံယူနိုင်ရေးအတွက် အောက်ပါ အထူးအစည်းအဝေးကို ကျင်းပမည်ဖြစ်ရာ ဒါယကာ ဒါယိကာမအပေါင်းတို့ တက်ရောက်ကြပါရန် ဆရာတော်အနေဖြင့် မေတ္တာရပ်ခံ ဖိတ်ကြားနှိုးဆော်အပ်ပါသည်။


အထူးအစည်းအဝေး ကျင်းပမည့် အစီအစဉ်


ကျင်းပမည့်နေ့နှင့် အချိန်။ ။ ဇွန်လ ၆ ရက်၊ စနေနေ့ မွန်းလွဲ ၃ နာရီအချိန်။


ကျင်းပမည့်နေရာ။ ။ ဓမ္မပါလဘုန်းတော်ကြီးကျောင်း “တာဝတိံသာ” ဓမ္မာရုံ။


1725 Elmira St Aurora, CO 80010


ဖုန်းနံပတ်။ ။ ၃၀၃-၃၄၃-၃၆၉၁


With my guiding principles,


Dhammaparla Monastery is fulfilling Dhamma and Sila principles with utmost cherished manner.

You and your friends are very welcome to the monastery. We wish you a very prosperous year ahead by participation to the plan to build a 'Theravada Museum' and a 'Sati;' similar shape of the Shwedagon Pagoda in Rangoon. Also, please let your friends know if they are interested to Theravada Buddhism or to support by some donation, they may contact me or send the contribution to the following address.


If you write a check or money order, write pay to: TSSC

May you all be free from the Samsara!


With Metta,

Ven. Ashin Sandimar

President and Abbot

Dhammaparla Monastery

Theravada Sasanarekkhita Society, Colorado (TSSC)


[Special Meeting Program]


Time, Date, and Meeting Place: 3 PM on Sat, June 6, 2009. At the following address

1725 Elmira St, Aurora, CO 80010


Phone: 303-343-3691; Email: ashinsandimar9@gmail.com