Saturday, October 26, 2013

ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဓမ္မပါလကျောင်းတော်ရဲ့ ၅ ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက် (စနေနေ့) မှာ ကျင်းပမယ်လို့ သိရပါတယ်။ 

နံနက် ၁၀ နာရီမှာ ပင့်သံဃာများ သိမ်တက်မှာဖြစ်ပြီး ၁၀ နာရီခွဲမှာတော့ သိမ်ဆင်းဆွမ်း လောင်းလှူကြမယ်လို့ ဆိုပါတယ်။ ဒီနောက် ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေကို စုပေါင်းဆွမ်းကပ်လှူပူဇော်မှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ မဟာဘုံကထိန် အလှူကုသိုလ်တော် သာဓု အနုမောဒနာ တရားနာကြားကြမှာဖြစ်တယ်လို့ ဓမ္မပါလကျောင်း နိုးဆော်လွှာ လက်ကမ်းစာစောင်မှာ တွေ့ရပါတယ်။ 


ကျောင်းလှူခွင့်ရတာခြင်းအတူတူ သိမ်ကျောင်း လှူဒါန်းခွင့်ရတာက ပိုမြတ်တယ်လို့ဆိုသလို သင်္ကန်းလှူခွင့်ရတာခြင်းအတူတူ ကထိန်သင်္ကန်း လှူဒါန်းခွင့်ရခြင်းက ပိုကြီးမြတ်တယ်လို့ ဆိုကြပါတယ်။ 

ဒါ့ကြောင့် ဒီလို ထူးမြတ်လှသော ကထိန်သင်္ကန်းကို ဆပ်ကပ်လှူဒါန်းလိုကြတယ်ဆိုရင်တော့ သင်္ကန်း ဒွိစုံ တစုံကို ဒေါ်လာ ၅၀၊ ကေသီ တထည် ဒေါ်လာ ၃၀၊ သင်းပိုင်တထည် ဒေါ်လာ ၂၀ နှုန်းဖြင့် ကုသိုလ်တော် ပါဝင်နိုင်တယ်လို့ လက်ကမ်းစာစောင်အရ သိရပါတယ်။ 

သရုပ်ဖော်ပုံ - အင်တာနက် 


 

No comments: