Monday, September 3, 2012

ဒယ်အိုးဆရာတော် တရားပွဲ ကျင်းပပြီးစီး


ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာရေး တရားပွဲတော်ကို ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းတိုက်မှာ မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ ဝါခေါင်လပြည့်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

Monday, August 20, 2012

ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲ

သဒ္ဒါကြည်လင် ပါရမီရှင်သူတော်စင်အပေါင်းတို့ … 

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတိုက် အထူးတရားပွဲကို မြန်မာနိုင်ငံ မှော်ဘီမြို့၊ မင်္ဂလာတိုက် ပဓာန နာယက နိုင်ငံကျော် ဓမ္မကထိက ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူမည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း အတူတကွ တရားတော်နာ ကုသိုလ်ယူနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်ကိုး၍ နိုးဆော်အပ်ပါသည်။

နေရာ ။ ။ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း

နေ့ရက် ။ ။ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့ (ဝါခေါင်လပြည့်နေ့)

အချိန် ။ ။ နံနက် ၁ဝး၃ဝ စုပေါင်းဆွမ်းကပ်၊ နေ့လည် ၁ နာရီ တရားပွဲ

ထေရဝါဒသာသနရက္ခိတအဖွဲ့ 
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း 
ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု 

 

Friday, July 20, 2012

အမေရိကန် ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေ

"မသင်္ကာသူဟာ အသက် ၂၄ နှစ်အရွယ် James Homes ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ် ..."

အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။


Thursday, June 14, 2012

ဒို့သာသနာ ဒို့တွေ စောင့်ရှောက်မယ် (တာရာမျိုး)


ကော်လိုရာဒိုပြည်နယ်၊ ဒမ်ဘာမြို့နဲ့ အော်ရိုရာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှများ အခုရက်ပိုင်းအတွင်း ရွှင်လန်းတက်ကြွစွာ ဖြစ်နေကြပါတယ်။ ဘာပြုလို့လဲဆိုတော့ ‘ဓမ္မပါလကျောင်းတိုက် ထေရဝါဒ သာသနရက္ခိတအသင်း’ က ကြီးမှူးကျင်းပသော ပွဲပေါင်းများစွာမှ မကြာမီကျင်းပတော့မယ့် အထင်ကရပွဲတခုဖြစ်သော ရဟန်းခံ၊ ရှင်ပြု သီလရှင်ဝတ်ပွဲနှင့် ဝိပဿနာ တရားစခန်းပွဲမှာ သားရတနာ သမီးရတနာများကို သာသနာ့ဘောင်ဝင်ခြင်း သာသနဒါယဇ္ဇ သာသနာနဲ့ ဆွေမျိုးတော်ဆပ်ခွင့် ကြုံရမှာဖြစ်လို့ပါ။

တိုင်းတပါးမှာ အကြောင်းအမျိုးမျိုးဖြင့် အခြေချနေလည်း သာသနာအလုပ် ဒို့အလုပ်၊ သာသနာ့တာဝန် ဒို့တာဝန်လို့ ခံယူချက်ပြင်းပြင်းထားနေကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။ သဒ္ဓါတရားဝင့် စေတနာတရားလည်း မြင့်ခဲ့ကြလို့ ၃ နှစ်ဆိုတဲ့ အချိန်တိုလေးမှာပဲ ထေရဝါဒ သာသနရက္ခိတအသင်းကြီး တည်ထောင်နိုင်သလို ဘာသာရေးပွဲများစွာ ကျင်းပနိုင်တာ သက်သေဖြစ်ပါတယ်။

ပုနောပသမ္ပဒ ကံထပ်မင်္ဂလာ


ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ …။ 

ကျွန်တော်၊ ကျွန်မတို့ ကိုးကွယ်ဆည်းကပ် ကြည်ညိုနေကြသည့် ‘ဓမ္မပါလကျောင်းတော်ကြီး’ တွင် သီတင်းသုံးနေကြသော သြဝါဒါစရိယ နာယက ဆရာတော် အရှင်ဝိစက္ခဏ နှင့် ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိဃောသ အရှင်မြတ် နှစ်ပါးတို့အား ပုနောပသမ္မဒ (ကံထပ်) မင်္ဂလာကို အတူတကွ ဆင်ယင်ကျင်းပ ပူဇော်ကြမှာဖြစ်ပါ၍ အားလုံးသော ထေရဝါဒ သာသနရက္ခိတ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့အား ဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ပါသည်။

ထိုကံထပ်မင်္ဂလာပွဲတော်ကြီးမှာ အခါခွင့်ကြုံခိုက် ရဟန်းဒါယကာ၊ ရဟန်းဒါယိကာမ အဖြစ်ခံယူနိုင်ကြရန် စေတနာသဒ္ဒါ ညီမျှစွာဖြင့် ကုသိုလ်ပါဝင်ယူနိုင်ပါကြောင်း နိုးဆော်လိုက်ရပါသည်။

ထေရဝါဒ သာသနရက္ခိတအဖွဲ့ 

Monday, May 21, 2012

စုပေါင်း ရှင်ပြု ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ ကျင်းပမည်

ဓမ္မပါလ မိတ်ဆွေအပေါင်း သူတော်ကောင်းတို့အတွက် အထူးသတင်းကောင်း 

“အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ၊ မနုဿတ္တ ဘာဝေါ ဒုလ္လဘော၊ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ၊ ပဗ္ဗဇ္ဇိတ ဘာဝေါ ဒုလ္လဘော၊ သဒ္ဓမ္မသဝနံ အတိဒုလ္လဘံ၊ ဧဝံ ဒိဝသေ ဒိဝသေ သြဝဒတိ”

မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား၊ ချစ်သားတို့ - လောကမှာ ရဖို့ခက်ခဲသောတရား ငါးပါးရှိ၏။

၁။ မြတ်စွာဘုရားသာသနာနှင့် တွေ့ကြုံဖို့အတွက် ခက်ခဲ၏၊

၂။ လူဘဝ (လူအဖြစ်) ကို ရရှိဖို့အတွက် ခက်ခဲ၏၊

၃။ ယုံကြည်မှု သဒ္ဓါတရားနှင့် ပြည့်စုံဖို့အတွက် ခက်ခဲ၏၊

၎။ ရှင်၊ ရဟန်းဘဝရရှိဖို့အတွက် ခက်ခဲ၏၊

၅။ သူတော်ကောင်းတရား နာကြားဖို့အတွက်လည်း အလွန့် အလွန် ခက်ခဲ၏ ဟု ခက်ခဲလှသည့် ဒုလ္လဘတရား ငါးပါးကို ဆုံးမဟောကြားတော်မူခဲ့သည်။


Saturday, May 12, 2012

ဓမ္မပါလကျောင်းက ဗုဒ္ဓပူဇနိယ ပွဲတော်

ပြီးခဲ့တဲ့ မေလ ၅ ရက် (ကဆုန်လပြည့်နေ့) က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ကဆုန်လပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

Thursday, May 3, 2012

ကဆုန်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

ဓမ္မမိတ်ဆွေအပေါင်းတို့ ...

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

 “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်အတိုင်း ဘုရားစင်စစ် ဧကန်ဖြစ်ရမည်ဟု ဗျာဒိတ်တော် ခံယူတော်မူသောနေ့၊ မြတ်စွာဘုရား ဖွားတော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့နှင့် ဘုရားရှင် ပရိနိဗ္ဗာန်စံသော နေ့များဖြစ်ပါသည်။


Monday, April 30, 2012

တက္ကဆက်ပြည်နယ် အမ်မာရီလို သင်္ကြန်

 
တက္ကဆက်ပြည်နယ် အမ်မာရီလိုမြို့ရောက် မြန်မာမိသားစုတွေရဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

 
 
ဦးစွာ အတာသင်္ကြန်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်တွေကို ဦးဆောင်ကျင်းပသူများက ရှင်းလင်းပြောကြားပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အတာရေပက်ဖြန်းပြီး စတင်ခဲ့ကြပါတယ်။

အော်ရီဂွန်ပြည်နယ် ပေါ့လန်း သင်္ကြန်

 
အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၂၈ ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတ အကအလှ၊ ရိုးရာသံချပ် စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။


Sunday, April 22, 2012

ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ ယဉ်ကျေးမူသင်တန်း ဆုနှင်းပွဲ ကျင်းပ

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ နဲ့ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၁ ရက် စနေနေ့က ကျင်းပခဲ့ကြပါတယ်။

  

Thursday, April 19, 2012

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော်အပ်နှင်းပွဲနှင့် သက်ကြီးပူဇော်ပွဲ၊ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆုနှင်းပွဲ

ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား။

ဓမ္မပါလကျောင်း၌ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးရန် မြန်မာပြည်မှ ကြွရောက်လာသော ဆရာတော်ဦးကိတ္တိအား ကျောင်းထိုင်ဆရာတော်အဖြစ်အပ်နှင်းရန်၊ ရိုးရာအစဉ် အလာအတိုင်း နှစ်သစ်ကူးသည့် သင်္ကြန်ကာလတွင် အဘိုး အဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလကျောင်း၌၊ ၂ဝ၁၂ ခု ဧပြီလ ၂၁ ရက် စနေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။


Monday, April 16, 2012

တိပိဋကဓရ ဆရာတော်နှစ်ပါး၏ တရားပွဲ

 
 
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ကျင်းပခဲ့တဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒ န္တ ဝံသာပါလာ လင်္ကာရ နှင့် တိပိဋကဓရ ဆရာတော် ဘဒ္ဒ န္တ ပညာသိရီ လင်္ကာရ ဆရာတော် ၂ ပါးရဲ့ တရားပွဲက ပုံရိပ်တချို့ပါ။

Tuesday, April 10, 2012

ကော်လိုရာဒို သင်္ကြန်

 

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ၁၀ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။

Monday, April 2, 2012

ကော်လိုရာဒိုပြည်နယ်မှာကျင်းပမယ့် နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်

ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ ချစ်ခင်ညီညွတ်စွာနဲ့ ၁၀ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ပျော်ရွှင်စွာ လာရောက်ဆင်နွှဲကြပါရန် လေးစားခင်မင်စွာ ဖိတ်ခေါ်အပ်ပါတယ်။

ကျင်းပမည့် နေ့ရက် ... 
ဧပြီလ ၇ ရက်၊ ၂၀၁၂ ခုနှစ် (စနေနေ့) (April 7, 2012)

ကျင်းပမည့် အချိန် ...
နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီအထိ (11 A.M to 5 P.M)

ကျင်းပမည့် နေရာ ... 
1000 Dayton Street
Aurora CO, 80010
Lowry Park

ဆက်သွယ်ရန် ...
ကိုခင်မောင်သန်း (ဖုန်းနံပါတ် - 720- 532- 7083)
ကိုမြင့်ဦး (ဖုန်းနံပါတ် - 303- 895- 8802)

မြန်မာ့ရိုးရာ သင်္ကြန်အကများ၊ စင်တင်တေးဂီတများနဲ့ ဖျော်ဖြေတင်ဆက်သွားမယ့်အပြင် ကော်လိုရာဒိုပြည်နယ်ရောက် ရခိုင်မိသားစုများရဲ့ ရခိုင်မုန်တီ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးပါမယ်။

သရုပ်ဖော် ပိုစတာ - ကာတွန်းစောငို

Wednesday, March 28, 2012

တိပိဋကဓရ ဆရာတော်နှစ်ပါး၏ တရားပွဲ ဖိတ်ကြားလွှာ

Tipitaka Sayadaw Poster

Sunday, March 4, 2012

ကော်လိုရာဒိုပြည်နယ်က မဟာဒုက် စာရေးတံမဲ နှင့် ထမနဲပွဲ

 
 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့များက အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့သည့် မဟာဒုက် စာရေးတံမဲ နှင့် ထမနဲပွဲက ပုံရိပ်များပါ။

(ဓာတ်ပုံများ - ကိုအသေးလေး)

၆၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ ချင်းမျိုးနွယ်စုများ စုပေါင်းကျင်းပ

 
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ချင်းမျိုးနွယ်စုများ စုပေါင်းပြီး ၆၄ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။