Saturday, May 12, 2012

ဓမ္မပါလကျောင်းက ဗုဒ္ဓပူဇနိယ ပွဲတော်

ပြီးခဲ့တဲ့ မေလ ၅ ရက် (ကဆုန်လပြည့်နေ့) က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ကဆုန်လပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။


ဦးစွာ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဉာဏ်တော် ဖုံဖုံကျေးဇူးဂုဏ်တို့ကို ကြည်ယုံမျှော်မှန်း၍ မြတ်ဗုဒ္ဓအား ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်တို့ ဆက်ကပ်လှူဒါန်းပြီး ဘုရားရှင်၏ဂုဏ်တော်တို့ကို စုပေါင်းရွတ်ဆို ပူဇော်ခြင်း၊ ဘုရားရှင်အား ရေသပ္ပာယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီနောက် ပွဲတော်ကိုလာရောက်ကြတဲ့ ဓမ္မမိတ်ဆွေများအား စားသောက်ဖွယ်ရာများနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး ပဋ္ဌာန်းမြတ်ဒေသနာတော်တို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

No comments: