Wednesday, August 25, 2010

ကော်လိုရာဒိုပြည်နယ်က ကရင်ရိုးရာ လက်ချည်ပွဲ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ တနင်္ဂနွေနေ့က ကော်လိုရာဒိုပြည်နယ်မှာ ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားများ စုပေါင်းပြီး ကရင်ရိုးရာ လက်ချည်ပွဲကို အော်ရိုရာမြို့ လောရီကွန်မြူနတီပန်းခြံ (Lowry Community Park)မှာ ကျင်းပခဲ့ပါတယ်။

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပ

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်သည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်၊ ၂၀၁၀ ပြည့်နှစ် စနေနေ့က ကျင်းပပြုခဲ့တဲ့ ဝါဆိုသင်္ကန်း ကပ်လှူပွဲကို ဓာတ်ပုံမှတ်တမ်းတချို့ပါ။

Monday, August 2, 2010

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ကျင်းပမည်

ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ တည်ထားကိုးကွယ်သည့် ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲကို လာမည့် သြဂုတ်လ ၇ ရက်၊ ၂၀၁၀ ပြည့်နှစ် စနေ့နေမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

“အခုလာမယ့် စနေ့နေမှာ ကျင်းပမှာဖြစ်ပါတယ်။ သံဃာတော်များကို စုပေါင်းနေ့ဆွမ်းနဲ့ ကပ်လှူပူဇော်မှာဖြစ်ပြီးတော့ နေ့လည် ၁ နာရီမှာ ဝါဆိုသင်္ကန်း ကပ်လှူပွဲ နဲ့ အနုမောဒနာတရားပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေအပေါင်းကိုလည်း ဖိတ်ကြားပါတယ်” လို့ ဓမ္မပါလကျောင်းရဲ့ ကပ္ပိရကာရက အဖွဲ့ဝင်တဦးက ပြောပါတယ်။