Saturday, September 29, 2007

ရွှေဝါရောင် တော်လှန်ရေး ထောက်ခံပွဲ

ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြ


စက်တင်ဘာ ၂၉၊ ၂၀၀၇


မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကို ထောက်ခံကြောင်း နှင့် ထိုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းနေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရှိ မြန်မာနိုင်ငံသားများ ယနေ့ ကျင်းပခဲ့သည်။

နေ့လည် ၂ နာရီမှ ၄ နာရီအထိ ကျင်းပခဲ့သည့် အဆိုပါဆန္ဒပြပွဲတွင် လူအင်အး ၅၀ နီးပါးပါဝင်ခဲ့ပြီး ကော်လိုရာဒိုပြည်နယ် မြို့တော် ဒန်ဗာမြို့တော်ခန်းမရှေ့တွင် သွားရောက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။


“မြန်မာပြည်မှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ကျနော်တို့အနေနဲ့ ထောက်ခံတယ်။ ဒါ့အပြင် အခုလို ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြ တောင်းဆိုနေတာတွေကို စစ်အစိုးရကနေ အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းနေတာတွေကို အမြန်ဆုံး ရပ်တန့်စေဖို့အတွက် ကျနော်တို့ လာရောက်တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြနေသူတဦးက ဆိုသည်။

ထို့အပြင် ယခုလိုမျိုး ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များရှိသေးကြောင်းလည်း ဦးဆောင်သူများ က ဆိုသည်။