Monday, February 17, 2014

မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲ ကျင်းပပြီးစီး

ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းမှာ မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာဒုက် စာရေးတံမဲ ကံထူးရှင်များကို မဲဖောက်ရွေးခဲ့ကြပြီးနောက် ထမနဲပွဲကို စတင်ခဲ့ကြပါတယ်။

Wednesday, February 12, 2014

မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမည်

အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းပြီး လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမယ်လို့ သိရပါတယ်။ 

ဒီပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွေမှာ ပြုလုပ်ကြမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သံဃာတော် ၆ ပါးအား စုပေါင်းဆွမ်း ကပ်လှူပူဇော်ကြပြီး ကြွရောက်လာကြတဲ့ဧည့်ပရိသတ်တွေကို နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် ၁ နာရီမှာတော့ တရားနာ ရေစက်ချ အမျှပေးဝေကြမှာ ဖြစ်ပါတယ်။