Monday, February 17, 2014

မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲ ကျင်းပပြီးစီး

ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းမှာ မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာဒုက် စာရေးတံမဲ ကံထူးရှင်များကို မဲဖောက်ရွေးခဲ့ကြပြီးနောက် ထမနဲပွဲကို စတင်ခဲ့ကြပါတယ်။


 
 
 
 
အဲဒီနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ ထမနဲပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြကာ ပင့်သံဃာအရှင်သူမြတ်များအား ဆွမ်းကပ်လှူဒါန်းကြပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ကြပါတယ်။

 
 
 
နေ့လည်ပိုင်းမှာတော့ တရားနာ ရေစက်ချ အမျှပေးဝေပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုခဲ့ကြောင်း သိရပါတယ်။ 

No comments: