Wednesday, February 12, 2014

မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမည်

အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းပြီး လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမယ်လို့ သိရပါတယ်။ 

ဒီပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွေမှာ ပြုလုပ်ကြမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သံဃာတော် ၆ ပါးအား စုပေါင်းဆွမ်း ကပ်လှူပူဇော်ကြပြီး ကြွရောက်လာကြတဲ့ဧည့်ပရိသတ်တွေကို နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် ၁ နာရီမှာတော့ တရားနာ ရေစက်ချ အမျှပေးဝေကြမှာ ဖြစ်ပါတယ်။


စာရေးတံမဲ တစ်မဲကို ၅ ဒေါ်လာ၊ ထမနဲတအိုးကို ၃၀ ဒေါ်လာနှုန်းနဲ့ အောက်ပါ ဥပသကာတွေထံမှာ ကုသိုလ်ပြုနိုင်ကြကြောင်းလည်း သိရပါတယ်။ 

ကိုလေးဒေး ( ၇၂၀-၂၉၈-၇၉၃၃)၊ ကိုမြင့်ဦး (၃၀၃-၈၉၅-၈၈၀၂)၊ ကိုမျိုး (၉၇၀-၃၈၈-၅၉၅၄)၊ ကိုစိုးနိုင် (၇၂၀-၈၀၈-၃၆၇၂)၊ ကိုခင်မောင်သန်း (၃၀၃-၅၃၂-၇၀၈၃) 

မဟာဒုက် ကံထူးရှင်ရွေးပွဲ - ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီ 

ထမနဲပွဲ - ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီ နှင့် ၁၅ ရက်နေ့ နံနက် ၈ နာရီ 

နေရာ - ဓမ္မပါလကျောင်း 
3096 Whelling St, Aurora. CO 80011 
Phone : 303-343-3691 

သရုပ်ဖော်ပုံ - ပန်းချီ ညိုဝင်းဖေ

 

No comments: