Sunday, August 14, 2011

ကျောင်းသားတပ်မတော် (ဗဟို) သို့ လှူဒါန်းရန် တေးသီချင်းခွေ အသံသွင်းပြီးစီး

 
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေက ကျောင်းသားတပ်မတော်(ဗဟို) ကို လှူဒါန်းရန်ရည်ရွယ်ပြီး တေးသီချင်းခွေ တခွေကို ပြီးခဲ့ရက်ပိုင်းက အသံသွင်း ပြီးစီးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ ABSDF ကျောင်းသားတပ်မတော် ဗဟိုကို လှူဒါန်းဖို့ရည်ရွယ်ပြီး အသံသွင်းခဲ့တာပါ။ အခု အချောသတ် မာစတာအခွေကို မကြာခင် ဗဟိုကို ပေးပို့လှူဒါန်းဖို့ စီစဉ်နေပါတယ်” လို့ တေးသီချင်းခွေကို အစအဆုံး စီစဉ်ခဲ့တဲ့ ကိုသားငယ် (KS) က ပြောပြတယ်။