Thursday, October 21, 2010

နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်မြန်မာကွန်မြူနီတီများ သဘောထားထုတ်ပြန်

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့် အင်္ဂလိပ် မြန်မာ ၂ ဘာသာနှင့် အမေရိကန်မြန်မာ ကွန်မြူနီတီများက စစ်အစိုးရနဲ့အပေါင်းအပါများအပေါ် သဘောထားထုတ်ပြန်ချက်ထွက်လာရာ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်မှ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာမိသားစုများက နအဖ စစ်အစိုးရရဲ့ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ထွက်ပေါ်လာမယ့်ရလဒ်များ ကိုလည်း မထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Sunday, October 17, 2010

ဝေနှင်းပွင့်သုန် ပေ ၁၆၀ အမြင့်မှ ခုန်ချ၊ ဒေါ်လာ တသောင်းကျော်ရ

အောက်တိုဘာ ၁၇၊ ၂၀၁၀ - မိုးမခ

အကျဉ်းကျ နိုင်ငံရေးသမား ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်က ပေ ၁၆၀ အမြင့်မှ ကြိုးတန်းလန်းဖြင့် ခုန်ချခြင်းဖြင့် ရန်ပုံငွေရှာခဲ့ရာ ပေါင် ၈၀၀၀ ဝန်းကျင် (ဒေါ်လာ ၁၃,ဝဝဝ ခန့် သို့မဟုတ် ကျပ် သိန်း ၁၀၀ ကျော်) ရခဲ့သည်ဟု သူ ပါဝင်လှုပ်ရှားသည့် Burma Campaign UK က FaceBook တွင် ရေးထားသည်။

ယမန်နေ့က လန်ဒန်မြို့တွင် ထိုသို့ စွန့်စားပြီး ရန်ပုံငွေ ရှာခဲ့ခြင်း ဖြစ်သည်။

Friday, October 8, 2010

စစ်အစိုးရဝါဒဖြန့် အနုပညာရှင်များအားလုံးကို အမေရိကန်အစိုးရက ဗီဇာရုတ်သိမ်းလိုက်ပြီ




(Burmese Protesters against Burmese's Stage Show in SF on 25th Sept 2010)

ယမန်နေ့ညနေခင်းရရှိသော သတင်းအရ အမေရိကန်အစိုးရ၏ လူဝင်မှုကြီးကြည်ရေးဌာနက မြန်မာပြည်မှ ရောက်ရှိဖျော်ဖြေနေသော အိုဗေးရှင်းအဖွဲ့တခုလုံး၏ ဗီဇာကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည် သြဂုတ်လဆန်းကတည်းက ရောက်ရှိပြီး အမေရိကန်ပြည်အနှံ့ လှည့်လည်ဖျော်ဖြေမှုပြုနေသော လူ ၁၀ ဦး ပါဝင်သည့် မြန်မာဂီတအဖွဲ့သည် စစ်အစိုးရ၏ ဝါဒဖြန့်သရုပ်ဆောင်နှင့်အတူ ပူးပေါင်းလှုပ်ရှားနေသည့် အတွက် မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ဆန့်ကျင်ကန့်ကွက်မှုများ တောက်လျောက် ပြုလုပ်ခဲ့ကြသည်။