Thursday, October 21, 2010

နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်မြန်မာကွန်မြူနီတီများ သဘောထားထုတ်ပြန်

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်စွဲဖြင့် အင်္ဂလိပ် မြန်မာ ၂ ဘာသာနှင့် အမေရိကန်မြန်မာ ကွန်မြူနီတီများက စစ်အစိုးရနဲ့အပေါင်းအပါများအပေါ် သဘောထားထုတ်ပြန်ချက်ထွက်လာရာ မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်မှ မြန်မာ့အရေးလှုပ်ရှားသူ မြန်မာမိသားစုများက နအဖ စစ်အစိုးရရဲ့ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ထွက်ပေါ်လာမယ့်ရလဒ်များ ကိုလည်း မထောက်ခံကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။



အမေရိကန်ပြည်ထောင်စုမှာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပလျက်ရှိရာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို စုံစမ်းအရေးယူရန် တိုက်တွန်းဆွေးနွေးမှုများ ရှိနေပါတယ်။

ဒါ့အပြင် ကမ္ဘာတဝှမ်းရှိ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများ ကလည်း နအဖ စစ်သံရုံးတွေနဲ့ စစ်အစိုးကိုထောက်ခံတဲ့ နိုင်ငံတွေရဲ့သံရုံးတွေ ရှေ့မှာ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲများ တပြိုင်နက်တည်းကျင်းပကြရန် စီစဉ်လျက်ရှိကြကြောင်း သိရပါတယ်။

2010ResolutionUSBurmeseCommunity

No comments: