Friday, February 10, 2017

နှစ် ၇၀ ပြည့် မွန်အမျိုးသားနေ့ ကော်လိုရာဒိုပြည်နယ်တွင် ကျင်းပမည်

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ၇၀ ပြည့်နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ကော်လိုရာဒိုပြည်နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 
ကော်လိုရာဒိုပြည်နယ်တွင် ရောက်ရှိနေကြသည့် မွန်တိုင်းရင်းသား မိသားစုများ စုပေါင်းပြီး South Middle School, 12310 E. Parkview Dr. Aurora CO, 80011 တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ အခမ်းအနားကို ကျင်းပကြမည်ဖြစ်သည်။

မွန်အမျိုးသားနေ့ကို ကော်လိုရာဒိုပြည်နယ်တွင် နှစ်စဉ်ကျင်းပခဲ့ကြသည်မှာ ယခုဆိုလျှင် ၈ ကြိမ်မြောက် ဖြစ်သည်။

မွန်အမျိုးသားနေ့သည် ပထမ မွန်နိုင်ငံတော်ဖြစ်သော ဟံသာဝတီကို အေဒီ ၅၇၃ ခုနှစ်တွင် ထူထောင်သည့် အထိမ်းအမှတ်ဖြစ်သည်။ ထိုအခမ်းအနားကို နှစ်စဉ် တပို့တွဲလပြည့်ကျော် တရက်နေ့တွင် ကျင်းပကြသည်။

No comments: