Thursday, May 3, 2012

ကဆုန်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

ဓမ္မမိတ်ဆွေအပေါင်းတို့ ...

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

 “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်အတိုင်း ဘုရားစင်စစ် ဧကန်ဖြစ်ရမည်ဟု ဗျာဒိတ်တော် ခံယူတော်မူသောနေ့၊ မြတ်စွာဘုရား ဖွားတော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့နှင့် ဘုရားရှင် ပရိနိဗ္ဗာန်စံသော နေ့များဖြစ်ပါသည်။


ဤကဲ့သို့ ထူးခြားသော နေ့ထူးနေ့မြတ်၌ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ‘ဓမ္မပါလကျောင်း’ ၌ မြတ်စွာဘုရားရှင်၏ ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဉာဏ်တော် ဖုံဖုံကျေးဇူးဂုဏ်တို့ကို ကြည်ယုံ မျှော်မှန်း၍ မြတ်ဗုဒ္ဓအား ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီး စသည်တို့ ဆက်ကပ်လှူဒါန်းခြင်း ဘုရားရှင်၏ဂုဏ်တော်တို့ကို ရွတ်ဖတ်ပူဇော်ခြင်း၊ ပဋ္ဌာန်းမြတ်ဒေသနာတော်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းစသော ဗုဒ္ဓနေ့ပွဲတော် ကုသိုလ်ကောင်းမှုများကို ကျင်းပပြုလုပ် ပူဇော်ကြမည်ဖြစ်ပါ၍ အတူတကွ ကုသိုလ်ယူတော်မူကြပါရန် ဓမ္မမိတ်ဆွေအပေါင်းတို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်နှင့် အချိန် - - - ၂၀၁၂ ခု၊ မေလ ၅ ရက်၊ စနေနေ့၊ ညနေ ၃ နာရီ

အဟာရဒါန ကုသိုလ်ရှင် - - - နှစ်ဖက်သောမိဘများကို အမှူးထား၍ ကိုဇော်လွင်+မခင်သန္တာထွန်း မိသားစုမှ ‘မုန့်ဟင်းခါး’ ဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်။

No comments: