Monday, April 30, 2012

တက္ကဆက်ပြည်နယ် အမ်မာရီလို သင်္ကြန်

 
တက္ကဆက်ပြည်နယ် အမ်မာရီလိုမြို့ရောက် မြန်မာမိသားစုတွေရဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

 
 
ဦးစွာ အတာသင်္ကြန်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်တွေကို ဦးဆောင်ကျင်းပသူများက ရှင်းလင်းပြောကြားပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အတာရေပက်ဖြန်းပြီး စတင်ခဲ့ကြပါတယ်။


အဲဒီနောက် သင်္ကြန်ယိမ်းအကများ၊ ပုဂံယိမ်း၊ ရွှေအိုးစည်အက၊ ကရင်ရိုးရာ ဒုံးယိမ်းတို့ဖြင့် အမ်မာရီလိုမြို့ရောက် မြန်မာပြည်သားလူငယ်များက ဖြေဖျော်ခဲ့ကြပါတယ်။

ဒါ့ပြင် ခေတ်ပေါ်တေးဂီတ သီချင်းများဖြင့်လည်း မြူးမြူးကြွကြွ တင်ဆက်ခဲ့ကြပြီး မြန်မာ့ရိုးရာ အစားအစာများဖြင့် တည့်ခင်း ဧည့်ခံခဲ့ကြကြောင်းလည်း သိရပါတယ်။

နေ့လည် ၁ နာရီက စတင်ကျင်းပခဲ့တဲ့ ဒီပွဲတော်ကို ဧည့်ပရိတ်သတ် ၃၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး  ညနေ ၆ နာရီခွဲမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ (ကိုဂျွန် - အမ်မာရီလို)


No comments: