Sunday, April 22, 2012

ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ ယဉ်ကျေးမူသင်တန်း ဆုနှင်းပွဲ ကျင်းပ

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော် အပ်နှင်းပွဲ၊ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ နဲ့ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းမှာ ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၂၁ ရက် စနေနေ့က ကျင်းပခဲ့ကြပါတယ်။

  

ဦးစွာ အခမ်းအနားကို နမော တဿ ၃ ကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ အဂ္ဂမဟာပဏ္ဍိတ သြဝါဒစရိယ နာယက ချီကာဂို ဆရာတော်ထံမှ ၅ ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာကြသော သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရား ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

 
 
 
 
အဲဒီနောက် ကြွရောက်လာကြတဲ့ သံဃာတော်ရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အသက် ၆၀ နှင့်အထက် အဘိုး အဖွားတို့အား သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးလှူခဲ့ကြပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကျောင်းသူကျောင်းသားလေးများအား ဆုပေးခြင်းနှင့်

ကော်လိုရာဒိုပြည်နယ် ထေရဝါဒ ရက္ခိတ အသင်း၏ ဥက္ကဋ္ဌ ဦးလေးဒေးမှ ဓမ္မပါလကျောင်းတိုက် ဖြစ်ပေါ်လာပုံနဲ့ ကျောင်းထိုင်ဆရာအဖြစ် တင်မြှောက်ကြောင်း လျှောက်ထားလွှာကို ဖတ်ကြားခဲ့ပါတယ်။

ဓမ္မပါလ ကျောင်းထိုင်ဆရာတော်သစ် ဦးကိတ္တိဃောသ မှ ဝမ်းမြောက်ဝမ်းသာ လက်ခံစကားမိန့်ကြားခဲ့ပြီးနောက်

 
သြဝါဒစရိယဆရာတော် အဂ္ဂမဟာမဏ္ဍိတ ချီကာဂို ဆရာတော်ထံမှ သြဝါဒခံယူကာ

 
သြဝါဒစရိယဆရာတော် ဦးတေဇောဘာသ က အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။

 
ဒါ့အပြင် ထေရဝါဒ ရက္ခိတအသင်း၏ နိဗ္ဗာန်ဆော်များက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး

ဓမ္မပါလ ကျောင်းထိုင်ဆရာတော်သစ် ဦးကိတ္တိဃောသ၏ အတ္ထုပ္ပတ္တိအကျဉ်းအား ရွတ်ဖတ် ပူဇော်ကန်တော့၍ 


 
သြဝါဒစရိယဆရာတော် ဦးဝိဇယ မှ သာဓုအလှူမောဒနာတရားတော် ချီးမြှင့်ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။

အဲဒီနောက် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။


No comments: