Thursday, April 19, 2012

ဓမ္မပါလကျောင်း ကျောင်းထိုင်ဆရာတော်အပ်နှင်းပွဲနှင့် သက်ကြီးပူဇော်ပွဲ၊ မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆုနှင်းပွဲ

ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား။

ဓမ္မပါလကျောင်း၌ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးရန် မြန်မာပြည်မှ ကြွရောက်လာသော ဆရာတော်ဦးကိတ္တိအား ကျောင်းထိုင်ဆရာတော်အဖြစ်အပ်နှင်းရန်၊ ရိုးရာအစဉ် အလာအတိုင်း နှစ်သစ်ကူးသည့် သင်္ကြန်ကာလတွင် အဘိုး အဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလကျောင်း၌၊ ၂ဝ၁၂ ခု ဧပြီလ ၂၁ ရက် စနေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။


အဘိုးအဘွားတို့အား ပူဇော်ရန် ကန်တော့ပွဲတပွဲလျှင် ဒေါ်လာ ၃ဝ နှုန်းဖြင့်၎င်း၊ ရင်သွေးငယ်များအတွက် ဆုနှင်းရန် လက်ဆောင်ပစ္စည်း ကစားစရာအရုပ်များဖြင့်၎င်း၊ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန် အလှူငွေများဖြင့်၎င်း မိမိတို့တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ပြုနိုင်ကြပါသည်။ ၎င်းပွဲတော်ကျင်းပပြုလုပ်မည့်နေ့၌ စုပေါင်းဆွမ်းကပ်လှူမည်ဖြစ်ပါ၍ မိမိတို့ကပ်လှူမည့် ဆွမ်းများ ယူလာနိုင်ကြောင်း အသိပေးနိုးဆော်အပ်ပါသည်။

အသက် ၆ဝ နှင့်အထက် အရွယ်ရှိ အဘိုးအဘွား ၁၅ ဦးမှ ၂ဝ ဦးခန့်အထိ ပင့်ဖိတ်ပူဇော်ရန် စီစဉ်နေပါသည်။

၁။ ဦးခင်မောင်သန်း၊ ဒေါ်လှလှရီ၊ ဒေါ်ထွေးထွေးအောင် (၇၂ဝ) ၅၃၂-၇ဝ၈၃ / (၃ဝ၃) ၃၄၃-၁ဝ၉၂

၂။ ဒေါ်နှင်းမှုံ (၃ဝ၃) ၃၉၉-၃၇၇၇

၃။ ဦးမြင့်ဦး၊ ဒေါ်ရွှေရည်ဝင်း (၃ဝ၃) ၈၉၅-၈၈ဝ၂

၎။ ဦးအသေးလေး၊ ဒေါ်အငယ်လေး (၃ဝ၃) ၆၆၈-၁၄၅၈

၎င်းတို့ထံဆက်သွယ် ကုသိုလ်ပြုကြပါရန်နှင့် မိမိတို့ဝန်းကျင်ရှိ အဘိုးအဘွားများစာရင်းကို ကူညီ အသိပေးကြပါရန် မေတ္တာရပ်ခံ နိုးဆော်အပ်ပါသည်။

ထေရဝါဒသာသနရက္ခိတ အဖွဲ့

No comments: