Friday, March 20, 2009

ပထမ အကြိမ် သက်ကြီးပူဇော်ပွဲ ကျင်းပမည်


ပထမ အကြိမ် သက်ကြီးပူဇော်ပွဲ နှင့်

မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပမည်


ရိုးရာအစဉ်အလာအတိုင်း နှစ်သစ်ကူးသည့် အတာသင်္ကြန်ကာလတွင် အဘိုးအဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “ပထမ အကြိမ် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း (1725 Elmira Street Aurora, CO 80010) တွင် ၂ဝဝ၉ ခုနှစ်၊ ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။


အဘိုးအဘွားတို့အား ပူဇော်ကန်တော့ရန်အတွက် ကန်တော့ပွဲတပွဲလျှင် ဒေါ်လာ ၂ဝ နှုန်းဖြင့်လည်းကောင်း၊ ရင်သွေးငယ်များကို ဆုချီးမြှင့်ရန်အတွက် လက်ဆောင်ပစ္စည်း၊ ကလေးကစားစရာ အရုပ်များဖြင့်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ငွေကြေးဖြင့်လည်းကောင်း မိမိတို့တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ပါဝင်နိုင်ရန် နှိုးဆော်ထားသည်။


အသက် ၆ဝ နှင့်အထက်အရွယ်ရှိ အဘိုးအဘွား ၅ ဦးမှ ၈ ဦးခန့်အထိ ပင့်ဖိတ်ပူဇော်ရန် စီစဉ်နေကြောင်းသိရပြီး အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှင့် ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟ အပေါင်းကို လည်း ဖိတ်ကြားအသိပေးနေကြောင်း သိရသည်။


၁။ ကိုခင်မောင်သန်း (၃ဝ၃) ၃၄၃-၁ဝ၉၂

၂။ ကိုဝင်းနိုင် (၇၂ဝ) ၉၃၉-၃၆၉၁

၃။ ကိုမြင့်ဦး (၃ဝ၃) ၈၉၅-၈၈ဝ၂

၎။ မသန္တာ (၃ဝ၃) ၆၆၈-၁၄၅၈


No comments: