Tuesday, March 17, 2009

ထိုင်းကွန်မြူနတီမှ မြန်မာပြည်သားများကို ဆန် လာရောက်လှူဒါန်း

ထိုင်းကွန်မြူနတီမှ အဖွဲ့ဝင်အချို့ နှင့် မြန်မာကွန်မြူနတီမှ အဖွဲ့ဝင်အချို့

ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်လည်ပတ်ကြစဉ်။


ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထိုင်းကွန်မြူနတီမှ ဆန်အိတ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထိုင်းကွန်မြူနတီမှ မြန်မာပြည်သားများအား ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ထမင်းပေါင်းအိုးများ၊ အဝတ်အထည်များနှင့် အခြား အိမ်သုံးပစ္စည်းများကို လာရောက်လှူဒါန်းခဲ့သေးသည်။


ထို့ပြင် ထမင်းပေါင်းအိုးများ၊ အခြား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များကိုလည်း လှူဒါန်းထားသေးကြောင်းသိရပြီး ထိုပစ္စည်းများကို ထပ်မံဝေငှရန် မြန်မာကွန်မြူနတီမှ စီစဉ်နေကြောင်း သိရသည်။


ထိုင်းကွန်မြူနတီသည် ယခင်က ဒုက္ခသည်များဆိုင်ရာရုံးများမှတဆင့် လှူဒါန်းနေခြင်းဖြစ်ပြီး ယခုအခါမှာတော့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်းနှင့် ဆက်သွယ်ပြီး နယ်စပ်ဒေသများမှ အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချနေထိုင်နေသူများကို တိုက်ရိုက်လာရောက် လှူဒါန်းနေခြင်းဖြစ်သည်။


No comments: