
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထမနဲပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာတော့ မဟာဒုက်မဲ ပေါက်သူ နှင့် သံဃာတော်မဲ ပေါက်သူများက ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းဘုန်းတော်ကြီးများ၊ လာအိုဘုန်းတော်ကြီးများကို စုပေါင်းဆွမ်းဖြင့် ကပ်လှူပူဇော်ခဲ့ကြောင်း သိရပါတယ်။
မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ
ဆရာမများနှင့် ကလေးငယ်များက
မဟာဒုက်မဲနှင့် သံဃာမဲများကို မဲဖောက်ပေးခဲ့ပါတယ်။
ထမနဲပွဲအတွက် ပြင်ဆင်နေကြတာပါ။
ထမနဲ ထိုးကြလေပြီ။

ဖြစ်ပါတယ်။ ဒီ တအိုးအဆင်မပြေလို့ မဖြစ်လည်း
နောက်တအိုး ထပ်ကြိုးစားသေးတာပေါ့ …။


ကြွရောက်လာတဲ့ ထိုင်း၊ လာအိုဘုန်းတော်ကြီးများကို စုပေါင်းဆွမ်းဖြင့် ကပ်လှူပူဇော်ခဲ့ကြပါတယ်။

ဘုန်းတော်ကြီးများကို ဆွမ်းကပ်လှူပြီးတဲ့နောက်တော့
ကြွရောက်လာတဲ့ ပရိသတ်များအလှည့်ပေါ့။

ပြီးတော့ ရေစက်ချ အမျှဝေ တရားနာခဲ့ပြီး
အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။
3 comments:
grate !!!
ဓါတ်ပုံကြည့်ရတာ အရမ်းအားကျတယ်ဗျာ။ ကျနော်ဆီမှာ
တော့ ဘုန်းကြီးကျောင်းက မြို့အပြင်ဆိုတော့ သွားရေး
လာရေး ခက်တယ်။ အခုလို မြန်မာမိသားစုတွေ သိုက်
သိုက်ဝိုင်းဝိုင်း တွေ့ရတာ မြန်မာပြည်ပြန်ရောက်နေ
သလိုပဲ။
ဒါက ပထမဆုံးပွဲ။ စလုံးရေစပဲ ရှိပါသေး --- တခုတော့ ပြောချင်တယ် ပထမဆုံး ဂက်စ်နဲ့ ကမ္ဘာပေါ်မှာ ထမနဲထိုးကြတာ။ ထင်းတွေ မီးသွေးတွေနဲ့ မဟုတ်။ ဒယ်အိုးကလဲ ဂိုင်းနဲ့ စတီးလ်ဒယ်အိုး။ ယောင်းမက မြန်မာနိုင်ငံက အထင်ရှားဆုံး ပန်းပုဆရာကြီးတွေကိုယ်တိုင်၊ ထမနဲထိုးကာနီးမှ မပုပ်မသိုးရအောင် ချက်ချင်း လတ်လတ်ဆတ်ဆတ် ခုတ်ပေးတာ။ ထိုးတဲ့အဖွဲ့ကလဲ မြန်မာပြည် ထမနဲထိုးပြိုင်ပွဲမှာ နှစ်စဉ်ရွှေတံဆိပ်ရသူများပါ။
အုန်းသီးတွေ။ ဂျင်းတွေ။ ကြက်သွန်ဖြူတွေလှီးကြတဲ့ ဓါးချက် ဓါးရောင်တွေက လျှပ်ပြက်သလို။
Post a Comment