

ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီး ကျောင်းတွင် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။




ဆွမ်းအလှူရှင် ၁၂ ဦး လှူဒါန်းသည့် စုပေါင်းဆွမ်းဖြင့် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အပူဇော်ခံ အဘိုး အဘွား (၁၀) ဦးတို့အား နံနက်စာလှူဒါန်းပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များ နံနက်စာ သုံးဆောင်ခဲ့ကြသည်။

ထို့နောက် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ နာယက ဆရာတော် အရှင်ဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အခမ်းအနားကို စတင်ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဓမ္မပါလကျောင်းထိုင်ဆရာတော် အရှင်စန္ဒိမာ နှင့် ထေရဝါဒသာသနရက္ခိတအဖွဲ့၏ ဥက္ကဌကြီး ဦးသန်းလွင်တို့ မှ သာသနာပြုလုပ်ငန်းအစီအစဉ်အချို့ကို အသိပေး ကြေညာခြင်း၊








ထို့နောက် ဆရာတော် အရှင်ဝိစက္ခဏထံမှ အနုမောဒနာတရားနာကြားပြီး ထေရဝါဒသာသနရက္ခိတအဖွဲ့၏ အဓိဋ္ဌာန် ဖြစ်သော “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
No comments:
Post a Comment