




အဆိုပါ အခမ်းအနားတွင် ဦးစွာ နမောတဿ ၃ ကြိမ်ဘုရားရှစ်ခိုးကန်တော့ကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ...
ကြွရောက်လာတဲ့ ဓမ္မမိတ်ဆွေ သူတော်စဉ်အပေါင်းတို့က ဖလော်ရီဒါပြည်နယ်၊ ဓမ္မာလောကကျောင်း ရေနံချောင်းဆရာတော် ဦးဇနိတထံမှ ငါးပါးသီလ ခံယူတည်ဆောက်ပြီး ဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို နားကြားကြပါတယ်။
အဲဒီနောက်မှာတော့ တောင်စွန်းဓမ္မဘေရီ ဆရာတော် အရှင် ဝီရိယ ထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး ဆရာတော်များအား လှူဘွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြပါတယ်။
ထို့နောက် မြန်မာနိုင်ငံမှ ကြွရောက်လာသော ဆရာတော် ဦးဇာဂရ ဓမ္မရိပ်မဂ္ဂဇင်း အယ်ဒီတာချုပ် (ကလောင်အမည် ကံထွန်းသစ်) ထံတော်မှ မှတ်သားဖွယ်ရာ သြဝါဒကထာ နာယူကြပြီး စုပေါင်းညီညာ ဆည်းပူးအားထုတ်ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ
ဓမ္မပါလကျောင်း ဆရာတော် အရှင်ဦးစန္ဒိမာ က ဝမ်းမြောက်ဖွယ်ရာ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။





















No comments:
Post a Comment