ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်း ရဟန်းခံရှင်ပြု နဲ့ သီလရှင်ဝတ်ပွဲပြုလုပ်ပြီး နောက်တနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ဖို့တ်ကောလင်းမြို့ (Ft Collins) အနီးမှာရှိတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တည်ထားကိုးကွယ်သည့် The Great Stupa ကို ဘုရားဖူးခရီး ထွက်ခဲ့ကြပါတယ်။ခရီးတထောက်ရပ်နားပြီး ဆရာတော် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းနောက် နေ့လည်စာ သုံးဆောင်နေကြတာပါ။
ဖို့တ်ကောလင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပြီး မြို့ကနေ ကားနဲ့ တနာရီကျော်ဝေးတဲ့ The Great Stupa တည်ရှိရာ Shambhala Mountain Center ဟာ ဧက ၆၀၀ ကျော် ကျယ်ဝန်းပါတယ်။
Center ရဲ့ ကားရပ်နားရာနေရာကနေ The Great Stupa စေတီတည်ရှိရာကို တမိုင်နီးနီး ခြေကျင်ခရီး လမ်းလျှောက်ရပါတယ်။ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများအတွက်တော့ သီးသန့်ကားလမ်း စီစဉ်ထားပြီး တိရိစ္ဆာန်များကိုတော့ ယူဆောင်ခွင့် မပေးပါဘူး။
ဒါကတော့ တရားစခန်းဝင်သူများကို ကျွေးမွေးတဲ့နေရာပါ။ ဧည့်သည်များ နေ့လည်စာအတွက်လည်း တဦးလျှင် ၇ ဒေါ်လာဖြင့် မှာယူစားသောက်နိုင်ပြီး သတ်သတ်လွတ် အစားအစာများလည်း ရပါတယ်။

ဒီ အဆောက်အုံလေးကတော့ လက်ဆောင်ပစ္စည်းတွေ၊ တရားဓမ္မစာအုပ်တွေ ဝယ်ယူနိုင်တဲ့ ရန်ပုံငွေအတွက် ဖွင့်ထားတဲ့ ဆိုင်လေးပါ။
ဘုရားကိုသွားတဲ့ လမ်းတလျှောက်မှာ တရားအားထုတ်ဖို့ တဲကလေးတွေရှိသလို ...
အသေးစိတ်သိရှိလိုရင်တော့ http://www.shambhalamountain.org/ မှာ သွားရောက်လည်ပတ် ကြည့်ရှုနိုင်ပါတယ်။























No comments:
Post a Comment