Tuesday, September 7, 2010

အာဇာနည် မဝင်းမော်ဦး ကျဆုံးသည့် နှစ်ပတ်လည်နေ့ - ကော်လိုရာဒိုမှာ ဝိုင်းစုခိုင်သိန်းကို ရုံသွင်းမည်

နအဖ စစ်အစိုးရရဲ့ လုပ်ကြံဝါဒဖြန့်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်း ပါဝင်တဲ့ စတိတ်ရှိုးပွဲကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ရုံသွင်းမှာဖြစ်ကြောင်း သိရပါတယ်။

ရှစ်လေးလုံး လူထုအရေးကြီးတော်ပုံကြီးကို သေးသိမ်အောင် လုပ်ကြံဝါဒဖြန့် ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့သူ ပါဝင်တဲ့ ဒီပွဲကို နအဖ စစ်တပ်က လူထုအရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲ အာဏာသိမ်းပြီး နောက်တရက် စစ်တပ်မှ ရက်ရက်စက်စက် ပစ်သတ်ခံရလို့ သေဆုံးသွားသူ အာဇာနည် ကျောင်းသူလေး မဝင်းမော်ဦးရဲ့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့မှာပြုလုပ်မှာ ဖြစ်ပါတယ်။


ဒါ့အပြင် အဲဒီစတိတ်ရှိုးပွဲကို နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ အမေရိကကို ရောက်လာတဲ့သူတွေက ဦးစီးကျင်းပတာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချမှုတွေ ရှိနေပါတယ်။

ကော်လိုရာဒိုပြည်နယ် ဒင်းဗားမြို့မှာ ရောက်ရှိနေတဲ့ ABSDF ကျောင်းသား တပ်မတော် ရဲဘော်ဟောင်းတဦးကတော့ ဒီပွဲနဲ့ပတ်သက်ပြီး “ကျနော် အားလည်း မပေးဘူး။ စိတ်လည်း မဝင်စားဘူး” လို့ ဆိုပါတယ်။

နအဖ စစ်အစိုးရရဲ့ဝါဒဖြန့်ချိရေးကားဖြစ်တဲ့ ‘အာရုံဦးမှာဖူးသည့်ကြာ’ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဝိုင်းစုခိုင်သိန်းကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုရှိ ပွဲသွင်းရာမြို့တိုင်းလိုလိုမှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ကော်လိုရာဒိုပြည်နယ်မှာ ရှိတဲ့သူတွေကြားမှာလည်း ထောက်ခံသူနှင့် ကန့်ကွက်သူ ကွဲပြားမှုတွေ ရှိနေပြီး တချို့ကတော့ ဘယ်ဘက်မှ မပါပဲနေမယ်လို့ ဆိုပါတယ်။

“ကျမကတော့ ဒီပွဲကို လုံးဝ မသွားဘူး၊ ဆန္ဒလည်း သွားမပြဘူး” လို့ သူ့သဘောထားကို နိုင်ငံရေးအကျဉ်းသူဟောင်း တဦးက ပြောပါတယ်။

ဘတ်ဖဲလိုး၊ မင်နီဆိုတာ၊ ဆန်ဖရန်စစ္စကို စတဲ့ မြို့တွေမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက အဲဒီပွဲကျင်းပရာနေရာတွေမှာ သွားရောက်ဆန္ဒပြပွဲများ ပြုခဲ့ကြပြီး မကြာခင်ပြုလုပ်မယ့် လော့အိန်ဂျလိမြို့မှာလည်း ဆန္ဒပြဖို့သာမက သပိတ်မှောက်ကြဖို့ပါ ဆော်သြ စီစဉ်နေကြောင်း သိရပါတယ်။

ကော်လိုရာဒိုပြည်နယ် အော်ရိုရာမှာ ကျင်းပမယ့် အခုပွဲကို ဆန္ဒပြကန့်ကွက်မယ့် သူတွေကို တရားစွဲဆိုသွားမယ်လို့ စီစဉ်သူတွေက ခြိမ်းခြောက်ပြောဆို နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ စီစဉ်သူ အမည်တွေကတော့ ကြော်ငြာတဲ့ ပိုစတာအရ ဝင်းထွေးမောင် - ဖုန်း ၇၂၀ ၂၆၁ ၅၂၇၆ ။ တင်ကို - ဖုန်း ၇၂၀ ၂၇၇ ၅၀၀၄ နဲ့ ဟယ်လင် (ဖင်မလီ အေရှင်မားကက် - ၇၂၀ ၆၂၈ ၂၇၈၇၊ ၃၀၃ ၃၉၉ ၃၇၇၇) လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အစိုးရရဲ့လုပ်ရပ်ကိုတောင် မကျေနပ်ရင် လမ်းပေါ် ထွက်ပြီး လွတ်လပ်စွာ ကန့်ကွက်ဆန္ဒပြခွင့် ရှိတယ်။ ပြီးတော့လည်း အများပြည်သူ မြင်ကွင်းမှာ ဆန္ဒပြချင်ရင် ရဲကို ကြိုတင် အကြောင်းကြားထားတာနဲ့ ဆောင်ရွက်ခွင့် ရှိတယ်ဆိုတာကို မသိနားမလည်တဲ့သူတွေအပေါ် အခွင့်ကောင်း ယူပြီးတော့ အဆိုပါ လူသိ လူတတ်ဆိုသူကြီးတွေက မြန်မာပြည်တွင်းက စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေလိုမျိုး စည်းကမ်းမဲ့ ခြိမ်းခြောက်တာမျိုးပဲ လို့ ကြားသိရတဲ့ မိတ်ဆွေတဦး က မှတ်ချက်ပေးပါတယ်။

ဝိုင်းစုခိုင်သိန်းကို ရုံသွင်းတဲ့ပွဲကို ဆန္ဒပြဖို့ အစီအစဉ်ကို အတိအလင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မည်သည့် အဖွဲ့အစည်းကမှလည်း သဘောထား ထုတ်ပြန်ချက်များ ဖြန့်ချိခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်တာတချက်ကတော့ မြန်မာမိသားစုလူဦးရေက အခြားမြို့ကြီးများနဲ့ နှိုင်းစာရင် ကျဲပါးနေသေးတာ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဌာနေတဦးက ပြောပါတယ်။

1 comment:

Japan Lay said...

de lo policy karr tway ga wine su khine thein ta york htae yite tar mha ma hote tar... p tot thu ka sit a soe ya lal ma hote buu... a nu pyin nyar shin ya york pal...
thu. ko a khu lo sanda pya tot kaw... bar htoo mhar mo lo lal...thu pal hti khite thwar mhar lay YGN pyan yin.... thu lal pyi thu ta york pal... bar lo ko pyi thu ko hti khite ag lote chin nay kya ya tar lal...
ta khar ta lay ko bar tway lote nay tha lal so tar ko lal pyan kyi kya own...
hti york mu shi par say... hti khite mu ma shi par say nae...