၈ ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများစုပေါင်းပြီး ဧပြီလ ၁၇ ရက် စနေနေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။
တိုင်းရင်းသားရိုးရာ အဆို အကများ၊
ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေကြသလို
Utah ပြည်နယ်၊ Salt Lake city က ခေတ်ပေါ်တေးဂီတအဖွဲ့ကလည်း လာရောက်အားဖြည့်သွားတာ တွေ့ရပါတယ်။
အဲဒီနောက် ‘ကော်လိုရာဒို သားစိုး’ တို့အဖွဲ့ကလည်း ရောသမမွှေသွားပြီး
သင်္ကြန် အက၊
မောင်ရွှေရိုးအက၊
တပင်တိုင်အကတွေနဲ့ ဖျော်ဖြေသွားတာ တွေ့ရပါတယ်။
ဒါ့အပြင် ကံစမ်းမဲဖောက်တဲ့ အစီအစဉ်တွေလည်းပါသလို ဆုချီးမြှင့်ဖို့ ပန်းကုံးတွေ ရောင်းချနေတာလည်း တွေ့မြင်ရခဲ့ရပြီး
ညနေ ၆ နာရီခွဲလောက်မှာတော့ ကော်လိုရာဒိုပြည်နယ်ရဲ့သင်္ကြန်ပွဲကို ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးသွားတာကို တွေ့ခဲ့ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment