Friday, February 10, 2017
နှစ် ၇၀ ပြည့် မွန်အမျိုးသားနေ့ ကော်လိုရာဒိုပြည်နယ်တွင် ကျင်းပမည်
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်ကျရောက်သည့် ၇၀ ပြည့်နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ကော်လိုရာဒိုပြည်နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Monday, February 17, 2014
မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲ ကျင်းပပြီးစီး
ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းမှာ မဟာဒုက် စာရေးတံမဲနဲ့ ထမနဲပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာဒုက် စာရေးတံမဲ ကံထူးရှင်များကို မဲဖောက်ရွေးခဲ့ကြပြီးနောက် ထမနဲပွဲကို စတင်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ မဟာဒုက် စာရေးတံမဲ ကံထူးရှင်များကို မဲဖောက်ရွေးခဲ့ကြပြီးနောက် ထမနဲပွဲကို စတင်ခဲ့ကြပါတယ်။
Wednesday, February 12, 2014
မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမည်
အမေရိကန် ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းပြီး လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မဟာဒုက် စာရေးတံမဲ နဲ့ ထမနဲပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ဒီပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းနဲ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွေမှာ ပြုလုပ်ကြမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သံဃာတော် ၆ ပါးအား စုပေါင်းဆွမ်း ကပ်လှူပူဇော်ကြပြီး ကြွရောက်လာကြတဲ့ဧည့်ပရိသတ်တွေကို နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် ၁ နာရီမှာတော့ တရားနာ ရေစက်ချ အမျှပေးဝေကြမှာ ဖြစ်ပါတယ်။

Friday, January 24, 2014
Monday, January 6, 2014
အမေရိကန် အလယ်ပိုင်းပြည်နယ်တွေ အအေးလှိုင်းဒဏ်ခံရ
အာတိတ် အအေးလှိုင်းဒဏ်ကြောင့် အမေရိကန် အလယ်ပိုင်းဒေသ ပြည်နယ်အချို့မှာ ရေခဲမှတ်အောက် ၃၀ ဒီဂရီ စင်တီဂရိတ်အထိရောက်နေပြီး အသက်အန္တရာယ်ရှိတဲ့ ရေခဲမှတ်အောက် ၅၀ ဒီဂရီ လောက်ရှိတဲ့ လေအေးတိုက်မယ့် အလားအလာကြောင့် လူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။
Indiana ပြည်နယ် Indianapolis မြို့တော်ဝန် ဂရက်ဘဲလတ်က အခုတွေ့ရတဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မျိုး ဆယ်စုနှစ်တွေနဲ့ချီပြီး တစ်ခါမှမမြင်ဖူးတဲ့အပြင် အသက်အန္တရာယ်ရှိနိုင်တဲ့ ရာသီဥတုမျိုးဖြစ်လို့ လူတွေအားလုံး အထူးပဲ ဂရုစိုက်ကြရမှာဖြစ်တယ်လို့ မှာကြားသွားပါတယ်။

Wednesday, December 25, 2013
Wednesday, December 18, 2013
သိထားရမည့် Obamacare
အမေရိကန်နိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။
ထို့ကြောင့် အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။
Obamacare ဆိုတာ ဘာလဲ?
သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။
ဘယ်လို အာမခံ အစီအစဉ်တွေလဲ?
ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။
မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။
ထို့ကြောင့် ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ်တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။

မြန်မာအမျိုးသားက ဇနီးကို သေနတ်ဖြင့်ပစ်သတ်
မြန်မာအမျိုးသား ခင်ပွန်းက သားသမီး သုံးဦး၏ မိခင်ကို ကလေးများရှေ့တွင်ပင် သေနတ်ဖြင့်ပစ်သတ်လိုက်သောမှုခင်း ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေက ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်တွင် ဖြစ်ပွားခဲ့ပါသည်။
အင်္ဂါနေ့ ညနေ ၃း၄၅ နာရီက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးထံမှ သူ့မိခင် သေနတ်ပစ်ခံရကြောင်း အရေးပေါ်နံပါတ် 911 သို့ ဖုန်းဆက်လာသည်ဟု လီဟိုင်းခရိုင် အစိုးရရှေ့နေ ဂျင်မ် မာတင်က ပြောကြားပါသည်။
သေနတ်ဒဏ်ရာဖြင့် အိမ်ရှေ့လမ်းပေါ်တွင် လဲနေသော အမျိုးသမီးကို ရဲများက တွေ့ရှိကြပါသည်။ အသက် ၃၇ နှစ်ရှိ မသီတာမြင့် အသက်မရှိတော့ကြောင်း ညနေ ၄း၂၇ နာရီတွင် အတည်ပြုခဲ့ပါသည်။ လီဟိုင်းခရိုင် မှုခင်းဆရာဝန်က လူသတ်မှုဟုဆုံးဖြတ်သော်လည်း သေနတ်ဒဏ်ရာကြောင့် ဟုတ်မဟုတ် အတည်ပြုချက် မပေးသေးပါ။

Wednesday, November 13, 2013
Sunday, November 10, 2013
Wednesday, October 30, 2013
အမေရိကန်အစိုးရ အစားအသောက် ထောက်ပံ့ကြေး လျှော့ချဖြတ်တောက် (မင်းမြတ်မောင်)
အမေရိကန်ပြည်ထောင်စုမှာ food stamp လို့ လူသိများတဲ့ အစိုးရ အစားအသောက် ထောက်ပံ့ကြေး အစီအစဉ်ကို နိုဝင်ဘာ ၁ ရက်၊ သောကြာနေ့ကစပြီး လျှော့ချ ဖြတ်တောက်ပါတော့မယ်။ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရ ထောက်ပံ့ကြေးအစီအစဉ်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၅ ဘီလျံ လျှော့ချဖြတ်တောက်ရာမှာ အမေရိကန်ပြည်သား ၇ ယောက်မှာ တစ်ယောက်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) လို့ တရားဝင်ခေါ်တဲ့ ထောက်ပံ့ကြေးအစီအစဉ်ကို အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းလောက် ရရှိခံစားနေပါတယ်။
အာဟာရ ဖြည့်ဆည်းရေး ကူညီမှုအစီအစဉ် (SNAP) လို့ တရားဝင်ခေါ်တဲ့ ထောက်ပံ့ကြေးအစီအစဉ်ကို အမေရိကန်နိုင်ငံတစ်ဝန်း လူ ၄၈ သန်းလောက် ရရှိခံစားနေပါတယ်။
Saturday, October 26, 2013
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်
အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဓမ္မပါလကျောင်းတော်ရဲ့ ၅ ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက် (စနေနေ့) မှာ ကျင်းပမယ်လို့ သိရပါတယ်။
နံနက် ၁၀ နာရီမှာ ပင့်သံဃာများ သိမ်တက်မှာဖြစ်ပြီး ၁၀ နာရီခွဲမှာတော့ သိမ်ဆင်းဆွမ်း လောင်းလှူကြမယ်လို့ ဆိုပါတယ်။ ဒီနောက် ကြွရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေကို စုပေါင်းဆွမ်းကပ်လှူပူဇော်မှာဖြစ်ပြီး နေ့လည် ၁ နာရီမှာ မဟာဘုံကထိန် အလှူကုသိုလ်တော် သာဓု အနုမောဒနာ တရားနာကြားကြမှာဖြစ်တယ်လို့ ဓမ္မပါလကျောင်း နိုးဆော်လွှာ လက်ကမ်းစာစောင်မှာ တွေ့ရပါတယ်။

Sunday, October 13, 2013
ကော်လိုရာဒိုမှာ သီတင်းကျွတ်ပြီ
မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းက သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့၊ ဆီမီးပူဇော်ပွဲမှ ပုံရိပ်တချို့။
Wednesday, September 18, 2013
သီတင်းကျွတ် မီးထွန်းပွဲတော်
ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ လာမယ့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် သီတင်းကျွတ် မီးထွန်းပွဲတော် လာရောက်နွှဲပျော်ကြဖို့ ရင်းနှီးခင်မင်စွာ ဖိတ်ခေါ်ပါတယ် ...။
Sunday, July 21, 2013
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
ယမန်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုခဲ့ကြပါတယ်။
ဦးစွာ ဓမ္မပါလကျောင်းထိုင်ဆရာတော် ဦးကိတ္ထိဃောသ အား စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် တနာရီခွဲမှာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။

Monday, June 17, 2013
စုပေါင်း ရှင်ပြု၊ ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ နှင့် ၇ ရက် ဝိပဿနာ တရားစခန်းပွဲမှ ပုံရိပ်တချို့ပါ။
Monday, September 3, 2012
ဒယ်အိုးဆရာတော် တရားပွဲ ကျင်းပပြီးစီး
ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာရေး တရားပွဲတော်ကို ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းတိုက်မှာ မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ ဝါခေါင်လပြည့်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
Monday, August 20, 2012
ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲ
သဒ္ဒါကြည်လင် ပါရမီရှင်သူတော်စင်အပေါင်းတို့ …
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတိုက် အထူးတရားပွဲကို မြန်မာနိုင်ငံ မှော်ဘီမြို့၊ မင်္ဂလာတိုက် ပဓာန နာယက နိုင်ငံကျော် ဓမ္မကထိက ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူမည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း အတူတကွ တရားတော်နာ ကုသိုလ်ယူနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်ကိုး၍ နိုးဆော်အပ်ပါသည်။
နေရာ ။ ။ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း
နေ့ရက် ။ ။ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့ (ဝါခေါင်လပြည့်နေ့)
အချိန် ။ ။ နံနက် ၁ဝး၃ဝ စုပေါင်းဆွမ်းကပ်၊ နေ့လည် ၁ နာရီ တရားပွဲ
ထေရဝါဒသာသနရက္ခိတအဖွဲ့
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း
ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
Friday, July 20, 2012
အမေရိကန် ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေ
"မသင်္ကာသူဟာ အသက် ၂၄ နှစ်အရွယ် James Homes ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ် ..."
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။
Thursday, June 14, 2012
ဒို့သာသနာ ဒို့တွေ စောင့်ရှောက်မယ် (တာရာမျိုး)
ကော်လိုရာဒိုပြည်နယ်၊ ဒမ်ဘာမြို့နဲ့ အော်ရိုရာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ မြန်မာပြည်ဖွား တိုင်းရင်းသား ညီကိုမောင်နှများ အခုရက်ပိုင်းအတွင်း ရွှင်လန်းတက်ကြွစွာ ဖြစ်နေကြပါတယ်။ ဘာပြုလို့လဲဆိုတော့ ‘ဓမ္မပါလကျောင်းတိုက် ထေရဝါဒ သာသနရက္ခိတအသင်း’ က ကြီးမှူးကျင်းပသော ပွဲပေါင်းများစွာမှ မကြာမီကျင်းပတော့မယ့် အထင်ကရပွဲတခုဖြစ်သော ရဟန်းခံ၊ ရှင်ပြု သီလရှင်ဝတ်ပွဲနှင့် ဝိပဿနာ တရားစခန်းပွဲမှာ သားရတနာ သမီးရတနာများကို သာသနာ့ဘောင်ဝင်ခြင်း သာသနဒါယဇ္ဇ သာသနာနဲ့ ဆွေမျိုးတော်ဆပ်ခွင့် ကြုံရမှာဖြစ်လို့ပါ။
တိုင်းတပါးမှာ အကြောင်းအမျိုးမျိုးဖြင့် အခြေချနေလည်း သာသနာအလုပ် ဒို့အလုပ်၊ သာသနာ့တာဝန် ဒို့တာဝန်လို့ ခံယူချက်ပြင်းပြင်းထားနေကြတာကိုက ဂုဏ်ယူဝမ်းမြောက်စရာပါ။ သဒ္ဓါတရားဝင့် စေတနာတရားလည်း မြင့်ခဲ့ကြလို့ ၃ နှစ်ဆိုတဲ့ အချိန်တိုလေးမှာပဲ ထေရဝါဒ သာသနရက္ခိတအသင်းကြီး တည်ထောင်နိုင်သလို ဘာသာရေးပွဲများစွာ ကျင်းပနိုင်တာ သက်သေဖြစ်ပါတယ်။
Subscribe to:
Posts (Atom)

9.jpg)