Thursday, May 21, 2009

အင်းစိန်ထောင်ရှေ့ စတုတ္ထနေ့ မြင်ကွင်းမှတ်တမ်း

မိုးမခ

မေ ၂၁၊ ၂၀၀၉


စစ်အစိုးရ တရားစီရင်ရေးစနစ် အားလုံးနှင့် တပြေးညီ စစ်ဆေးကိုင်တွယ်နိုင်ခြင်း မရှိတော့

အင်းစိန်ထောင်တွင် တရားရင်ဆိုင်နေရသည့် ကိုဝေလင်းနှင့် ကိုညီညီအောင်၏ ရှေ့နေများကို အင်းစိန်ထောင်တရားရုံးတွင် ရုံးချိန်းရှိ၍ လာရောက်ရာ သက်ဆိုင်ရာပြောခွင့်ရပုဂ္ဂိုလ်တဦးက လမ်းပေါ်သို့ ထွက်လာပြီး တရားသူကြီးမလာရောက်သဖြင့် ရုံးချိန်းမရှိကြောင်း ပြောဆိုခဲ့သည်။




အများပြည်သူတို့က အင်န်အယ်ဒီနှင့် ဦးဝင်းတင်တို့နှင့်အတူ အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းခဲ့ကြ

သံတမန်များနှင့် သတင်းထောက်များကို တရားရုံးတွင် ၀င်ရောက်ကြားနာခွင့် မပေးခဲ့သည့်အပြင် တခါးပိတ် တရားခွင်မှ ပြန်ထွက်လာသည့် အင်န်အယ်ဒီရှေ့နေများကို အင်းစိန်ထောင်ရုံး နောက်ဖေးပေါက်က ထွက်ခွာခိုင်းခဲ့သဖြင့် ပြည်သူတို့မှာ ညနေ ၅ နာရီ ကျော်အထိ အင်းစိန်လမ်းမများတွင် စောင့်ဆိုင်းနေခဲ့ရသည်။ စေတနာရှင်ပြည်သူတို့က တနိုင်တပိုင် သယ်ဆောင်လာသော စားရေ ရိက္ခာတို့ကို ဝေငှပေးဝေ စားသောက်ခဲ့ကြသည်ကို တွေ့ရသည်။




အင်န်အယ်ဒီ၏ ဒေါ်စု တရားခွင် နေ့စဉ် ပြန်ကြားချက်

အင်န်အယ်ဒီ၏ ပြန်ကြားချက် ၁၀။ ၅။ ၉ ကို မေ ၂၁ တွင် ထုတ်ပြန်ခဲ့ရာ ဒေါ်စု၏ တရားခွင်သို့ ၁ နာရီ ကြာ လာရောက်ခွင့်ရသည့် သံတမန်များကို အတိုက်အခံခေါင်းဆောင်က နှုတ်ဆက်စကား ပြောကြားခွင့် မရသည့်အတွက် နားလည်ပေးကြပါရန် ဒေါ်စု ပြောကြားကြောင်းကို မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရသည်။


အလွတ်သတင်းထောက်များကို ရဲထောက်လှမ်းရေးတို့က ပစ်မှတ်ထား

စာနယ်ဇင်းသမားများ၊ သတင်းထောက်များကို အင်းစိန်ထောင်ဝန်းကျင်တွင် လွတ်လပ်စွာ သတင်းယူခွင့်၊ မှတ်တမ်းယူခွင့်ကို တားမြစ်ထားသည့်အပြင် အများပြည်သူထဲမှ အလွတ်သတင်းထောက်များ၏ ကင်မရာများ၊ တယ်လီဖုံးများကိုပါ အရပ်ဝတ်ရဲများနှင့် ရဲထောက်လှမ်းရေးတို့က အထူးပစ်မှတ်ထား ခြိမ်းခြောက်တားဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ ကင်မရာများ၊ အသံဖမ်းစက်များနှင့် ဖုံးများကို သိမ်းဆည်းရန် ကြိုးစားသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

ဧရာဝတီသတင်းဌာနက ရရှိသော တရားခွင်မှတ်တမ်း ပြည်တွင်းက အထူးစိတ်ဝင်စား

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက ရရှိခဲ့သည့် ဒေါ်စုတရားခွင်မှတ်တမ်းကို ပြည်တွင်းက အထူးစိတ်ဝင်စားလျက်ရှိပြီး မိတ္တူကူး ဖြန့်ချိလေ့လာသည်ဟု ဆိုသည်။ ဒီနေရာမှ ရယူပါ - Official Trial Records on DASSK at Insein Prison - May 2009 သို့မဟုတ် - ဒီမှာ - အခမဲ့ ဆာဗာတခုပေါ်မှာ ရယူပါ (ဘလောက်အလုပ်ခံထားသူများအတွက်)

No comments: