
အခမဲ့ ကျန်းမာရေး ဆေးစစ်မှုပြုလုပ်
မေလ ၁၂ ရက် ၂၀၀၉ ခုနှစ်
ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း (Burmese Community of


အဆိုပါ ကျန်းမာရေးဆေးစစ်ပွဲတွင် ဆီးချို သွေးချိုရောဂါ၊ အဆီဓာတ်လွန်ကဲမှုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မသင့်သည့် ရောဂါ၊ အမျိုးသမီး ရင်သားကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါတို့ကို စစ်ဆေးမှု ပြုလုပ်ပေးခဲ့သည်။


“ကျနော်တို့် လွန်ခဲ့တဲ့ ၆ လ ကလည်း အခုလို ကျန်းမာရေးဆေးစစ်မှုတွေကို ဒီမှာ ရောက်ရှိလာတဲ့ မြန်မာပြည်သားတွေကို စစ်ဆေးမှုပြုလုပ်ပေးနိုင်ခဲ့ပြီး လိုအပ်တဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခမဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အရင်နှစ်က လူပေါင်း ၃၅၀ ကျော်လောက် လာရောက် ဆေးစစ်မှုခံယူတာမို့ ဒီနှစ်မှာတော့ နေရာ ၂ ခုခွဲပြီး ၂ ကြိမ် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်” ဟု အဆိုပါ ဆေးစစ်မှုကို ဦးဆောင်ပြုလုပ်ခဲ့သူ မြန်မာနိုင်ငံသားများအသင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတင်ထွန်းက ဆိုသည်။

ထိုကျန်းမာရေးစစ်ဆေးပွဲသို့ အော်ရိုရာမြို့ရှိ မြန်မာနိုင်ငံသား ၈ဝ ကျော် လာရောက် ဆေးစစ်ဆေးမှုခံယူခဲ့ပြီး လာမည့် မေလ ၂၄ ရက်နေ့တွင်လည်း ဒင်ဗားမြို့တွင် တကြိမ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment