Sunday, January 4, 2009

ထိုင်း ကွန်မြူနတီမှ လာရောက်လှူဒါန်း


ထိုင်း ကွန်မြူနတီ မှ အလှူရှင်များ နှင့် မြန်မာ ကွန်မြူနတီ အဖွဲ့ဝင်အချို့


ထိုင်း ကွန်မြူနတီ မှ ထမင်းပေါင်းအိုးများ နှင့် အဝတ်အထည်များ

လာရောက်လှူဒါန်း


ဇန်နဝါရီ ၄ ရက် ၂၀၀၉ ခုနှစ်


ဇန်နဝါရီလ ၃ ရက်နေ့ နေ့လည်ပိုင်းက ထိုင်း ကွန်မြူနတီမှ အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်သို့ ပြောင်းရွေ့ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ထမင်းပေါင်းအိုး အလုံး ၂၀ ကျော်၊ အဝတ်အစား နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းသွားကြောင်း သိရသည်။



ပြီးခဲ့သည့်နှစ်ကလည်း ထိုင်း ကွန်မြူနတီမှ ဒုက္ခသည်များဆိုင်ရာရုံးများမှတဆင့် မြန်မာပြည်သားများကို ကူညီလှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မြန်မာ ကွန်မြူနတီမှတဆင့် တိုက်ရိုက်လာရောက်လှူဒါန်းခြင်း ဖြစ်သည်။


ထို့ပြင် အခုလိုမျိုး နောက်ထပ်လှူဒါန်းမှုများ မကြာမီ ဆက်လက်ပြုလုပ်ပေးသွား မည်ဟုလည်း ထိုင်းကွန်မြူနတီမှ အလှူရှင်များက ပြောဆိုသည်။ ။



No comments: