Tuesday, January 27, 2009

ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းသစ်ဖွင့်ပွဲ ကျင်းပပြီးစီး


ကော်လိုရာဒိုပြည်နယ်ရောက် ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် ထူထောင်ထားသည့် ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းကို ထေရဝါဒသာသနရက္ခိတအဖွဲ့၏ ဦးစီး ဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့က အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများက မင်္ဂလာ ဆုတောင်းစာများကို ရွတ်ဆိုကာ ထေရဝါဒသာသနရက္ခိတအဖွဲ့ကြီး၏ သြဝါဒစရိယနာယက ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မရက္ခိတ ဆရာတော် အရှင်ဝိစက္ခဏ က ဓမ္မပါလကျောင်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။


အခမ်းအနားဖွင့်လှစ်အပြီးတွင် သံဃာတော်အရှင်သူမြတ် ၅ ပါးအား စုပေါင်းနေ့ဆွမ်းဖြင့် ကပ်လှူပူဇော်ပြီး တက်ရောက်လာသူ ပရိသတ်များကို ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ထို့နောက် ကျောင်းဖွင့်ပွဲတရားနာကြားပြီး ရေစက်ချအမျှပေးဝေကာ ဓမ္မပါလကျောင်း၊ ထေရဝါဒသာသနရက္ခိတအဖွဲ့ကြီး၏ ဆောင်ပုဒ်ဖြစ်သော “စိတ်ရှည်ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” သုံးကြိမ် နှင့် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ကျောင်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ထို့နောက် ဒုတိယ အစီအစဉ်ဖြစ်သော ထေရဝါဒသာသနရက္ခိတအဖွဲ့ကြီး၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။

ထိုအစည်းဝေးပွဲတွင် ဘုန်းတော်ကြီးကျောင်း၏ နာယက နှင့် ဂေါပကအဖွဲ့များကို အများဆန္ဒနှင့် ရွေးချယ် တင်မြှောက်ခြင်း၊ နာယက ဆရာတော်များ နှင့် ယာယီ ကျောင်းထိုင်ဆရာတော်အား တင်မြှောက်ခဲ့ကြသည်။


၎င်းနောက် ဘုန်းတော်ကြီးကျောင်း၏ ရှေ့ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေး အတည်ပြုကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြသည်။


ကျောင်းဖွင့်ပွဲအခမ်းအနား ဓာတ်ပုံများကြည့်ရှုလိုပါက ...

No comments: