ယမန်နေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုခဲ့ကြပါတယ်။
ဦးစွာ ဓမ္မပါလကျောင်းထိုင်ဆရာတော် ဦးကိတ္ထိဃောသ အား စုပေါင်းဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြတဲ့ ပရိတ်သတ်များကို ဧည့်ခံကျွေးမွေးပြီးနောက် နေ့လည် တနာရီခွဲမှာ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။
Sunday, July 21, 2013
Monday, June 17, 2013
စုပေါင်း ရှင်ပြု၊ ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ စုပေါင်း ရှင်ပြု၊ ရဟန်းခံ၊ သီလရှင်ဝတ်ပွဲ နှင့် ၇ ရက် ဝိပဿနာ တရားစခန်းပွဲမှ ပုံရိပ်တချို့ပါ။
Monday, September 3, 2012
ဒယ်အိုးဆရာတော် တရားပွဲ ကျင်းပပြီးစီး
ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ရဲ့ နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာရေး တရားပွဲတော်ကို ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဓမ္မပါလကျောင်းတိုက်မှာ မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ ဝါခေါင်လပြည့်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
Monday, August 20, 2012
ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲ
သဒ္ဒါကြည်လင် ပါရမီရှင်သူတော်စင်အပေါင်းတို့ …
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၊ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတိုက် အထူးတရားပွဲကို မြန်မာနိုင်ငံ မှော်ဘီမြို့၊ မင်္ဂလာတိုက် ပဓာန နာယက နိုင်ငံကျော် ဓမ္မကထိက ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူမည်ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း အတူတကွ တရားတော်နာ ကုသိုလ်ယူနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်ကိုး၍ နိုးဆော်အပ်ပါသည်။
နေရာ ။ ။ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း
နေ့ရက် ။ ။ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့ (ဝါခေါင်လပြည့်နေ့)
အချိန် ။ ။ နံနက် ၁ဝး၃ဝ စုပေါင်းဆွမ်းကပ်၊ နေ့လည် ၁ နာရီ တရားပွဲ
ထေရဝါဒသာသနရက္ခိတအဖွဲ့
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း
ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
Friday, July 20, 2012
အမေရိကန် ရုပ်ရှင်ရုံ ပစ်ခတ်မှု ၁၂ ဦးသေ
"မသင်္ကာသူဟာ အသက် ၂၄ နှစ်အရွယ် James Homes ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ် ..."
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။
Subscribe to:
Posts (Atom)










