ပထမ အကြိမ် သက်ကြီးပူဇော်ပွဲ နှင့်
မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပမည်
ရိုးရာအစဉ်အလာအတိုင်း နှစ်သစ်ကူးသည့် အတာသင်္ကြန်ကာလတွင် အဘိုးအဘွားတို့အား ပူဇော်ကြရန်နှင့် ရင်သွေးငယ်များအား ဂါရဝ နိဝါတ တရားများကို သင်ယူနားလည်စေရန် ရည်သန်လျက် “ပထမ အကြိမ် သက်ကြီးပူဇော်ပွဲနှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ” ကို ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း (
အဘိုးအဘွားတို့အား ပူဇော်ကန်တော့ရန်အတွက် ကန်တော့ပွဲတပွဲလျှင် ဒေါ်လာ ၂ဝ နှုန်းဖြင့်လည်းကောင်း၊ ရင်သွေးငယ်များကို ဆုချီးမြှင့်ရန်အတွက် လက်ဆောင်ပစ္စည်း၊ ကလေးကစားစရာ အရုပ်များဖြင့်လည်းကောင်း၊ လက်ဆောင်ပစ္စည်းများဝယ်ယူနိုင်ရန် ငွေကြေးဖြင့်လည်းကောင်း မိမိတို့တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ပါဝင်နိုင်ရန် နှိုးဆော်ထားသည်။
အသက် ၆ဝ နှင့်အထက်အရွယ်ရှိ အဘိုးအဘွား ၅ ဦးမှ ၈ ဦးခန့်အထိ ပင့်ဖိတ်ပူဇော်ရန် စီစဉ်နေကြောင်းသိရပြီး အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှင့် ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟ အပေါင်းကို လည်း ဖိတ်ကြားအသိပေးနေကြောင်း သိရသည်။
၁။ ကိုခင်မောင်သန်း (၃ဝ၃) ၃၄၃-၁ဝ၉၂
၂။ ကိုဝင်းနိုင် (၇၂ဝ) ၉၃၉-၃၆၉၁
၃။ ကိုမြင့်ဦး (၃ဝ၃) ၈၉၅-၈၈ဝ၂
၎။ မသန္တာ (၃ဝ၃) ၆၆၈-၁၄၅၈