အောက်တိုဘာ ၁၁၊ ၂၀၀၈
ကော်လိုရာဒို ပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း (Burmese Community of Colorado) နှင့် (Colorado Asian Health Education and Promotion) တို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေးဆေးစစ်မှုနှင့် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ယနေ့ မနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ပြုလုပ်ခဲ့သည်။
ဆီးချို သွေးချိုရောဂါ၊ အဆီဓာတ်လွန်ကဲမှု ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဓာတ်မသင့်သည့် ရောဂါ၊ အမျိုးသမီး ရင်သားကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါတို့ကို စစ်ဆေးမှု ပြုလုပ်ပေးပြီး တုပ်ကွေးရောဂါ ကာကွယ်ဆေးကိုလည်း အခမဲ့ ထိုးပေးခဲ့သည်။ ထိုကျန်းမာရေးစစ်ဆေးပွဲသို့ ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသား ၃၅ဝ ကျော် လာရောက် ဆေးစစ်ဆေးမှု ခံယူခဲ့သည်။
No comments:
Post a Comment