Tuesday, February 14, 2012

ကော်လိုရာဒိုပြည်နယ်က မွန်အမျိုးသားနေ့

 
 
၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ကျင်းပခဲ့ကြပါတယ်။

 
 
နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို ကော်လိုရာဒိုပြည်နယ်မှာ ရောက်ရှိနေတဲ့ မွန်တိုင်းရင်းသားတွေက ဦးစီးကျင်းပခဲ့တာ ဖြစ်ပါတယ်။

 
 
ဒီအခမ်းအနားကို မြန်မာပြည်အရေး စိတ်ဝင်စားတဲ့ အမေရိကန်နိုင်ငံသားများနဲ့ ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိတဲ့ တိုင်းရင်းသားများ စုစုပေါင်း လူ ၂၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

 
 
 
အခုကျင်းပတဲ့ မွန်အမျိုးသားနေ့ကတော့ တတိယ အကြိမ်မြောက်ဖြစ်ပြီး ကော်လိုရာဒိုပြည်နယ်မှာ မွန်တိုင်းရင်းသား ၇၀ ကျော်ရှိကြောင်းလည်း သိရပါတယ်။

အောက်က ဖော်ပြတဲ့ ပုံတွေကတော့ ကိုအသေးလေး ပေးပို့ထားတဲ့ ပုံတွေပါ။ ကျေးဇူးပါ ကိုအသေးလေး။

 
 
 
 
 
 
 

 

 
 
 
 
 
 
 
 
 
 
 
 

No comments: