မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီးရဲ့ သားတပည့်ဖြစ်တော်မူသော ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မြင်းမူဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ဘုရားကြီးရဲ့ တရားပွဲတော်များကို ပြီးခဲ့တဲ့ စနေနေ့ နံနက် ၈းဝဝ နာရီ နှင့် နေ့လည် ၁းဝဝ နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားကြောင်း သိရှိရပါတယ်။



ဦးစွာ ဆရာတော်ရှင်သူမြတ်များအား အာရုံဆွမ်း ကပ်လှူပူဇော်ပြီး နံနက် ၈း၀၀ နာရီမှာ တရားပွဲတပွဲကျင်းပါတယ်။







အဲဒီနောက် ခေတ္တနားပြီး နေ့လည်ဆွမ်း ဆပ်ကပ်လှူဒါန်းကြပြီး ကြွရောက်လာတဲ့ တရားနာ ပရိတ်သတ်များ နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည် ၁း၀၀ နာရီမှာ တရားပွဲကို ထပ်မံကျင်းပခဲ့ပါတယ်။







မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋက ကောဝိဒသာသနာ့အာဇာနည် အရှင်မြတ်များမှာ
(၁) မင်းကွန်းတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂) ပခုက္ကူတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊
(၃) ပြည်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊
(၄) ရန်ကုန်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅) ယောတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆) ရေစကြိုတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇) မော်ကွန်းတိပိဋကဓရ ဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊
(၁၁) ရမ္မာဝတီတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂) စစ်ကိုင်းတိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသ တို့ဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment