

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေး နှင့်
မြန်မာနိုင်ငံသားများအသင်း လပတ်အစည်းအဝေး ကျင်းပ
ဒီဇင်ဘာ ၁ ရက် ၂၀၀၈ ခုနှစ်
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးကော်မတီ အစည်းအဝေး နှင့် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများအသင်း၏ လပတ် အစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်နေ့က ဒန်ဗာမြို့ ဇီနီယာတိုက်ခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအစည်းအဝေးသို့ ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့် အလှူရှင်အချို့ တက်ရောက်ခဲ့ကြသည်။
“အခုဆိုရင် ဘုန်းတော်ကြီးကျောင်းအတွက် လူနေအိမ်တလုံးကို ရှာဖွေ ပြီးသွားပါပြီ။ ကျောင်းထိုင်ဖို့အတွက် ဘုန်းတော်ကြီးတပါးကိုလည်း ပင့်ဆောင်ထားပြီးပါပြီ။ နောက်နှစ် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဘုန်းတော်ကြီး ကျောင်းကို စတင်လည်ပတ်မှာ ဖြစ်ပါတယ်” ဟု ကော်မတီအဖွဲ့ဝင်တဦးက ဆိုသည်။
ထို့ပြင် အလှူငွေ ဆက်လက်ကောက်ခံခြင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံတွင် ဘာသာရေးနဲ့သက်ဆိုင်သည့် အသင်းအပင်းဖွဲ့ ဖွဲ့စည်းမှု လျှောက်ထားခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။
ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးကော်မတီကို အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ကော်လိုရာဒိုပြည်နယ်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတဆောင် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် နေခြင်းဖြစ်သည်။
ထို့နောက် ဆက်လက် ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများ အသင်း၏ လပတ်အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့သည်။
အသင်း၏လပတ်အစည်းအဝေးသို့ ဦးဆောင်ကော်မတီဝင်များ၊ အသင်း စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး အသင်း၏ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment