skip to main
|
skip to sidebar
Wednesday, February 17, 2010
မဟာဒုက် စာရေးတံမဲပွဲနှင့် ထမနဲပွဲ ကျင်းပ
ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းပြီး ဒုတိယအကြိမ်မြောက် မဟာဒုက် စာရေးတံမဲပွဲနှင့် ထမနဲပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ စနေနေ့က ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မဟာဒုက် စာရေးတံဘုရားမဲနှင့် သံဃာမဲများကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ ကလေးငယ်များနှင့် ဘုန်းတော်ကြီးကျောင်း ကပ္ပိယကာရကများက မဲဖောက်ရွေးချယ်ပေးခဲ့ပါတယ်။
မဟာဒုက် စာရေးတံ ဘုရားမဲ ဆင်းတုတော်အား နံနက် ၁၀း၃၀ နာရီတွင် အနေကဇာတင်ပြီး သံဃာတော် အရှင်သူမြတ်များအား စုပေါင်းဆွမ်း ကပ်လှူပူဇော်ကြပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံကာ နေ့လည် ၁း၀၀ နာရီမှာ တရားနာ ရေစက်ချ အခမ်းအနားကို စတင်ခဲ့ပါတယ်။
ပထမဦးစွာ ဆရာတော် ဦးကောသလ္လထံမှ ငါးပါးသီလခံယူပြီး အခမ်းအနားကိုစတင်ကာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ သြဝါဒစကားပြောကြားခြင်း၊ ကပ္ပိယကာရကအဖွဲ့ နာယက မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက် နာယကဆရာတော် အရှင်ဝိဇယထံမှ တရားနာယူ ရေစက်ချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ပါတယ်။
ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းဟာ ကော်လိုရာဒိုပြည်နယ်မှာရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုများက ၁၉၉၉ ခုနှစ်က စတင်ငှားရမ်းဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကိုယ်ပိုင်ကျောင်းဆောင် ဝယ်ယူနိုင်ရေးအတွက် ကြိုးစားနေကြောင်းလည်း သိရပါတယ်။
Tuesday, February 2, 2010
ကော်လိုရာဒိုပြည်နယ်မှာ မွန်အမျိုးသားနေ့ ကျင်းပ
၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒန်ဗားမြို့မှာ မွန်အမျိုးသားများ ဦးဆောင်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် မွန်အမျိုးသားသီချင်း သီဆိုပြီး မွန်အလံတော်အား အလေးပြုခြင်း အစီအစဉ်နဲ့ အခမ်းအနားကို စတင်ခဲ့ပါတယ်။
ထို့နောက် အခမ်းအနား ဦးဆောင်ကျင်းပသူများက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ မွန်အမျိုးသားများရဲ့ သမိုင်းကြောင်း၊ သဝဏ်လွှာများ ဖတ်ကြားခြင်း အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြပါတယ်။
၎င်းအပြင် တက်ရောက်လာသူများက အသီးသီး အမှာစကားပြောကြားကြပြီး ...
မွန်ရိုးရာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံကာ ရိုးရာအက၊ သီချင်းများဖြင့် ဖျော်ဖြေကြပြီးနောက် နေ့လည် ၃း၀၀ နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။
မွန်ဘုရင် သမလ၊ ဝိမလ ညီနောင်တို့ ဟံသာဝတီ နေပြည်တော်ကို စတင်တည်ထောင်တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကိုအစွဲပြုပြီး မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
ဆက်သွယ်ရန်
burmesecommunityofcolorado@gmail.com
ဒါတွေတော့ ပိုဖတ်ကြတယ် ...
စုပေါင်း ရှင်ပြု ရဟန်းခံ နှင့် သီလရှင်ဝတ်ပွဲ ကျင်းပမည်
ပန်းတော့ အနုပညာ လက်ရာ
ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်
ကျောင်းသားတပ်မတော် (ဗဟို) သို့ လှူဒါန်းရန် တေးသီချင်းခွေ အသံသွင်းပြီးစီး
သီတင်းကျွတ် မီးထွန်းပွဲတော်
ဒယ်အိုးဆရာတော် တရားပွဲ ကျင်းပပြီးစီး
ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲ
ဝေနှင်းပွင့်သုန် ပေ ၁၆၀ အမြင့်မှ ခုန်ချ၊ ဒေါ်လာ တသောင်းကျော်ရ
ဒို့သာသနာ ဒို့တွေ စောင့်ရှောက်မယ် (တာရာမျိုး)
DMV contract employee arrested for fraud
ပြောချင်တာများ ရှိခဲ့ရင် ...
Total Pageviews
Followers
Blog Archive
►
2017
(1)
►
Feb
(1)
►
2014
(4)
►
Feb
(2)
►
Jan
(2)
►
2013
(11)
►
Dec
(3)
►
Nov
(2)
►
Oct
(3)
►
Sep
(1)
►
Jul
(1)
►
Jun
(1)
►
2012
(20)
►
Sep
(1)
►
Aug
(1)
►
Jul
(1)
►
Jun
(2)
►
May
(3)
►
Apr
(8)
►
Mar
(3)
►
Feb
(1)
►
2011
(8)
►
Aug
(1)
►
May
(4)
►
Apr
(3)
▼
2010
(30)
►
Nov
(2)
►
Oct
(3)
►
Sep
(2)
►
Aug
(3)
►
Jul
(7)
►
May
(1)
►
Apr
(5)
►
Mar
(4)
▼
Feb
(2)
မဟာဒုက် စာရေးတံမဲပွဲနှင့် ထမနဲပွဲ ကျင်းပ
ကော်လိုရာဒိုပြည်နယ်မှာ မွန်အမျိုးသားနေ့ ကျင်းပ
►
Jan
(1)
►
2009
(59)
►
Dec
(2)
►
Nov
(5)
►
Oct
(2)
►
Sep
(3)
►
Aug
(1)
►
Jun
(8)
►
May
(24)
►
Apr
(4)
►
Mar
(4)
►
Feb
(1)
►
Jan
(5)
►
2008
(15)
►
Dec
(3)
►
Nov
(4)
►
Oct
(5)
►
Sep
(2)
►
Jul
(1)
►
2007
(3)
►
Oct
(2)
►
Sep
(1)
Feedjit Live Blog Stats