Sunday, October 7, 2007

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ


ကော်လိုရာဒိုပြည်နယ် ဒန်ဗာ၌
ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ ကျင်းပ

အောက်တိုဘာလ ၇၊ ၂၀၀၇

မြန်မာပြည်တွင်း စစ်အစိုး၏ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ကျဆုံးကွယ်လွန်သွားခဲ့ရသော ရဟန်း ရှင်လူ ပြည်သူများနှင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက်ရည်စူး၍ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲတရပ်ကို အောက်တိုဘာလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်ရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားသူများက စုပေါင်း ကျင်းပခဲ့သည်။


ည ၇ နာရီတွင် စတင်ကျင်းပသည့် အဆိုပါ ၀တ်ပြုဆုတောင်းပွဲကို ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များနှင့်အတူ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မူဆလင် ဘာသာဝင်များ စုစုပေါင်း အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ရှင်းလင်း ပြောကြားကြပြီး မြန်မာ့အရေး စိတ်ဝင်စားသူ အမေရိကန်နိုင်ငံသားများကလည်း အားပေးစကားများ အပြန်အလှန် ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများးက ဖယောင်းတိုင်မီးများ ထွန်းညှိ၍ မိမိတို့၏ဘာသာအလိုက် ငြိမ်သက်စွာ ဆုတောင်း မေတ္တာများ ပို့သခဲ့ကြပြီး မြန်မာပြည် ငြိမ်းချမ်းရေး နှင့် လွတ်မြောက်ရေးအတွက် ကြွေးကြော်သံများ သံပြိုင်ကြွေးကြော်၍ ဆုတောင်းပွဲကို ရုပ်သိမ်း ခဲ့ကြသည်။

No comments: