
Friday, November 13, 2009
Monday, November 9, 2009
အခမဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးပေးမည်
နေရာ
1725 Elmira St, Aurora CO, 80010
အချိန်
နံနက် ၉ နာရီ မှ နေ့လည် ၃ နာရီ အထိ
ဆက်သွယ်ရန်
ဓမ္မပါလဘုန်းတော်ကြီးကျောင်း (၃ဝ၃-၃၄၃-၃၆၉၁)
ကိုဝင်းနိုင် (၇၂ဝ-၉၃၉-၅၆၉၁)
Friday, November 6, 2009
Wednesday, November 4, 2009
ပထမဆုံးအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ နှင့် ရှင်ပြုရဟန်းခံပွဲ ကျင်းပ



အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ ဓမ္မပါလကျောင်းတွင် ပထမဆုံးအကြိမ် စုပေါင်း မဟာဘုံကထိန်ပွဲ နှင့် ရှင်ပြုရဟန်းခံပွဲကို အောက်တိုဘာ ၃၁ ရက်၊ စနေနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နေ့လည် ၁ နာရီမှာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နောက် ချီကာဂို ဆရာတော် ဘဒ္ဒန္တကေသဝ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာကြတဲ့ သံဃာတော်အရှင်မြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြပါတယ်။





အဲဒီနောက် ဖို့တ်ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက်ဆရာတော် ဦးဝိစက္ခဏမှ ဝမ်းမြောက်ဖွယ်စကားမိန့်ကြားပြီးနောက် ကထိန်သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဓမ္မပါလကျောင်းဆရာတော် အရှင်စန္ဒိမာ က ကျေးဇူးတင်ဝမ်းမြောက်ဖွယ်စကား မိန့်ကြားခဲ့ပါတယ်။


ထို့နောက် မေရီလင်းပြည်နယ် ဝေဇယန္တာဆရာတော် ဘဒ္ဒန္တမဟောသဓပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတ) က ကထိန် အနုမောဒနာတရား ဟောကြားတော်မူပြီး ပြုပြုသမျှသော ကုသိုလ်ကောင်းအစုအစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။



