Saturday, December 5, 2009
Thursday, December 3, 2009
တုပ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်
သွေးတိုး၊ ဆီးချို၊ အရိုးခိုင်မာမှု၊ ဓာတ်မတည့်သည့် ရောဂါ၊ ရင်သားကင်ဆာ၊ အဆီများသော ရောဂါ၊ အဆုပ်ရောဂါများ ရှိ မရှိ စစ်ဆေးပေးပြီး နောက်ဆက်တွဲ ကုသမှုများကိုလည်း လုပ်ပေးသွားမည်ဖြစ်သည်။
နေရာ
2052 30th St, Apt# 2332,
Greely, CO, 80631
အချိန်
နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ
ဆက်သွယ်ရန်
ကိုဝင်းနိုင် – ၇၂ဝ - ၉၃၉ - ၅၆၉၁၊
ကိုရွှေကို – ၂ဝ၈ - ၃၂ဝ - ၄၇ဝဝ
Friday, November 13, 2009
Monday, November 9, 2009
အခမဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးပေးမည်
နေရာ
1725 Elmira St, Aurora CO, 80010
အချိန်
နံနက် ၉ နာရီ မှ နေ့လည် ၃ နာရီ အထိ
ဆက်သွယ်ရန်
ဓမ္မပါလဘုန်းတော်ကြီးကျောင်း (၃ဝ၃-၃၄၃-၃၆၉၁)
ကိုဝင်းနိုင် (၇၂ဝ-၉၃၉-၅၆၉၁)
Friday, November 6, 2009
Wednesday, November 4, 2009
ပထမဆုံးအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ နှင့် ရှင်ပြုရဟန်းခံပွဲ ကျင်းပ
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ ဓမ္မပါလကျောင်းတွင် ပထမဆုံးအကြိမ် စုပေါင်း မဟာဘုံကထိန်ပွဲ နှင့် ရှင်ပြုရဟန်းခံပွဲကို အောက်တိုဘာ ၃၁ ရက်၊ စနေနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နေ့လည် ၁ နာရီမှာ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နောက် ချီကာဂို ဆရာတော် ဘဒ္ဒန္တကေသဝ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာကြတဲ့ သံဃာတော်အရှင်မြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြပါတယ်။
အဲဒီနောက် ဖို့တ်ဝိန်းမြို့ ဓမ္မရက္ခိတကျောင်းတိုက်ဆရာတော် ဦးဝိစက္ခဏမှ ဝမ်းမြောက်ဖွယ်စကားမိန့်ကြားပြီးနောက် ကထိန်သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဓမ္မပါလကျောင်းဆရာတော် အရှင်စန္ဒိမာ က ကျေးဇူးတင်ဝမ်းမြောက်ဖွယ်စကား မိန့်ကြားခဲ့ပါတယ်။
ထို့နောက် မေရီလင်းပြည်နယ် ဝေဇယန္တာဆရာတော် ဘဒ္ဒန္တမဟောသဓပဏ္ဍိတ (အဂ္ဂမဟာပဏ္ဍိတ) က ကထိန် အနုမောဒနာတရား ဟောကြားတော်မူပြီး ပြုပြုသမျှသော ကုသိုလ်ကောင်းအစုအစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ်။